လှမျိုးသဉ္ဇာနွယ် ကို မှတ်ကြသေးရဲ့ လားပရိသတ်ကြီး

လှမျိုးသဉ္ဇာနွယ် ကို မှတ်ကြသေးရဲ့ လားပရိသတ်ကြီး

ဗီဒီယိုခေတ်က နယ်ဘက်တွေမှာ ဗီဒီယိုရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးပုံဖော်ခဲ့တဲ့ သရုပ်ေ ဆာင်တစ်ယောက်ဖြစ်တဲ့ လှမျိုးသဉ္ဇာနွယ်ဟာ ယခုအချိန်မှာတော့ မိသားစုကိုအချိန်ပေးနေပြီး အနုပညာအလုပ်အနေဖြင့် ဖက်ရှင်ရှိုးပွဲတွေမှာ တွေ့မြင်ရလေ့ရှိပါတယ်။ သူမမှာ သမီးလေး တစ်ယောက်ရှိပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရသူလဲ ဖြစ်ပါတယ်။

သူမကို သြဂုတ်လ ၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Aroma ရဲ့(၈) ကြိမ်မြောက် Wedding Show ပွဲကြီးမှာ Aroma ရဲ့ လှပထည်ဝါလွန်းတဲ့ ဝတ်စုံတွေနဲ့ ရှိုးလျှောက်ခဲ့တဲံအခါမှာမှ ပြန်လည်တွေ့ခဲ့ရပြီး သူမရဲ့ ပရိသတ်တွေနဲ့ကတော့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အမြဲတွေ့မြင်နေကြပါ။

သူမ ကိုမမှတ်ရလောက်အောင်ကို အရမ်းလှနေခဲ့ပါတယ်။ လှမျိုးသဉ္ဇာနွယ်ရဲ့ နန်းဆန်တဲ့ အလှတရားတွေက ယခင်ကလိုဘဲ နုပျိုရှင်သန်နေဆဲပါ။ သူမက လက်ရှိမှာတော့ ရွှေပိုးတိုက်ပုံဆိုင်လေးကို ဖွင့်လှစ်ကာ စီးပွားရေးကိုဦးတည်ပြီး လုပ်ဆောင်နေပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးက လှမျိုးသဉ္ဇာနွယ်ရဲ့ လှပတဲ့ ပုံလေးတွေကြီး မျှဝေပေးသွားဖို့ မမေ့ပါနဲ့ ။ ဖတ်ရှု့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – hla myo thinzar nwe, Ref&Credit:momolay.com

Comments are closed.