အရပ်ပုတဲ့သူတွေက အရပ်ရှည်တဲ့သူတွေထက် ဆီးချိုရောဂါ ခံစားရနိုင်ချေပိုများ

အရပ်ပုတဲ့သူတွေက အရပ်ရှည်တဲ့သူတွေထက် ဆီးချိုရောဂါ ခံစားရနိုင်ချေပိုများ

News Strait Times(NST) သတင်းရဲ့ဖော်ပြချက်အရ ပညာရှင်တွေပြုစုထားခဲ့တဲ့ သတိပြု ဆင်ခြင်ဖွယ်ရာ ကျန်းမာရေးစာတမ်းတစ်စောင်ဟာ လတ်တလောမှာ ထွက်ပေါ်လာခဲ့ တယ်လို့ သိရပါတယ်။

အဲ့ဒီ စာတမျးမှာတော့ အရပျပုတဲ့သူတှဟော အရပျရှညျတဲ့သူတှထေကျ Type-2 ဆီးခြိုေ ရာဂါကို ခံစားရနိုငျခွမြေားတာကို အခကြျအလကျနဲ့တကှဖောျပွသှားခဲ့တာဖွဈပါတယျ။

စာတမ်းမှာဖော်ပြထားချက်အရ အရပ် ၁၀ စင်တီမီတာပိုရှည်တိုင်း အမျိုးသားတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေဟာ ၄၁ ရာနှုန်းအထိ လျော့ကျသွားပြီး အမျိုးသမီးတွေမှာတော့ ၃၃ ရာနှုန်းအထိလျော့ကျသွားကြောင်း သိရှိခဲ့ရပါတယ်။

အရပ်ပုတဲ့သူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုများရတဲ့ အဓိက အကြောင်းရင်းကတော့ အသည်းမှာအဆီပါဝင်မှုနှုန်းပိုမြင့်တာကြောင့်လို့ စာတမ်းမှာဖော်ပြထားချက်အရ သိခဲ့ရတာပါ။ ဒါ့အပြင် အရပ်ပုတဲ့သူတွေအတွက် ဆီးချိုရောဂါ တင်မက နှလုံးရောဂါနဲ့ လေသင်တုန်းြ ဖတ် ခြင်းတို့ကိုလည်း ကြုံတွေ့ရနိုင်ချေပိုများကြောင်း ဖော်ပြထား ခဲ့တာ ကို တွေ့ခဲ့ရပါတယ်။

အင်ဆူလင်နဲ့ ပန်ခရိယတို့ရဲ့လုပ်ဆောင်ချက်ဟာ အရပ်ရှည်တဲ့သူတွေမှာပိုမိုကောင်းမွန်တယ်လို့သိရပြီး အရပ်အမြင့်နဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေကို ဆုံးဖြတ်လို့ရနိုင်တာဖြစ်ကြောင်း ဆရာ ဝန် တွေကအတည်ပြုသွားခဲ့တာပါ။

နိုင်ငံတကာ ဆီးချိုရောဂါဆိုင်ရာ ဖက်ဒရေးရှင်းရဲ့အတည်ပြုထားတဲ့ အချက်အလက်အရ ကမ္ဘာမှာ လူပေါင်း သန်း၄၂၀ ဝန်းကျင်ဟာ ဆီးချိုသွေးချို ရောဂါကိုခံစားနေရကြောင်းသိရပြီး ၂၀၄၅ ခုနှစ်မှာဆိုရင် ၆၂၉ သန်းအထိ ရှိလာနိုင်ကြောင်း သိရပါတယ်။

Comments are closed.