(၂၉.၁၂.၁၈) မှ (၄.၁.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

(၂၉.၁၂.၁၈) မှ (၄.၁.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၈ ဒီဇင်ဘာ (၂၉)ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီ (၄)ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) အံ့အားသင့်လောက်စရာအလှတရားတွေကို ထုတ်ပြလိုက်တဲ့ သင်ဇာဝင့်ကျော်

ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်တစ်ယောက် ပုံအလန်း အသစ်လေးတွေ တင်လိုက်တဲ့အကြောင်းပါ။ သင်ဇာ့ကို ဝန်းရံသူတွေ များလွန်းတာကြောင့် ယခင်တစ်ပတ်က Shwemom ရဲ့ လူဖတ်အများဆုံး စာရင်းမှာ နံပါတ် ၁ တောင် ဖြစ်သွားခဲ့ပါတယ်။

(၂) ညီမဖြစ်သူရဲ့ မင်္ဂလာဂုဏ်ပြုစကားကြောင့် မျက်ရည်ကျခဲ့တဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ စုံတွဲကတော့ မကြာသေးခင်က ရွှေလက်တွဲသွားခဲ့ပါတယ်။ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲရဲ့ ပုံရိပ်လေးများကို ဖော်ပြထားတဲ့အပြင် ပိုင်ဖြိုးသုရဲ့ ညီမလေး မင်္ဂလာဂုဏ်ပြုစကား တက်ပြောခဲ့တဲ့ ဗီဒီယိုလေးပါ ထည့်ပေးထားပါတယ်။ လူဖတ်အများခဲ့ဆုံး နံပါတ် ၂ ပါ။

(၃) မိခင်ကို ခရစ္စမတ်လက်ဆောင်တစ်ခုနဲ့ စပရိုက်စ်လုပ်ခဲ့တဲ့ The Rock

မင်းသားကြီး The Rock ကတော့ ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းက မိခင်ဖြစ်သူကို Golden Ticket တစ်စောင်ပေးကာ စပရိုက်စ်လုပ်ခဲ့တဲ့အကြောင်းလေးပါ။ မိခင်ကို ကြည်နူးစရာ ကျေးဇူးဆပ်နိုင်ခဲ့တဲ့ The Rock ရဲ့ ထိုသတင်းကိုတော့ လူတွေ ယခင်တစ်ပတ်က အားပေးခဲ့ကြပါတယ်။

(၄) ဘာသာစကားသစ်တစ်ခုကို အချိန်တိုအတွင်း တတ်ကျွမ်းဖို့ လျို့ဝှက်ချက်(၃) ခု

ယခင်တစ်ပတ်က Shwemom ရဲ့ အဖတ်သင့်ဆုံး ဆောင်းပါးများကို ရွေးချယ်တင်ပြတုန်းက ပါဝင်ပြီးဖြစ်တဲ့ ဆောင်းပါးလေးပါ။ လူတွေ စိတ်ဝင်စားမှု များလောက်အောင် အကျိုးရှိတဲ့အချက်တွေ ဖော်ပြထားတဲ့အတွက် လူဖတ်အများဆုံး ထိပ်ဆုံးစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။

(၅) ချစ်သူချင်း ချိန်းတွေ့ချိန် ဖုန်းပဲသုံးနေလို့ တစ်ဘဝစာအတွက်ပညာပေးခဲ့တဲ့ မိန်းကလေး

ဒီသတင်းလေးကတော့ မကြာသေးခင်က တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ငိုအားထက်ရယ်အားသန် ဖြစ်ရပ်လေးတစ်ခုပါ။ ဟော့ပေါ့ဆိုင်မှာ ချိန်းတွေ့နေခဲ့တဲ့ စုံတွဲတစ်တွဲမှာ မိန်းကလေးက သူမကို ဂရုမစိုက်ဘဲ ဖုန်းချည်းသုံးနေခဲ့တဲ့ ချစ်သူကို ဘယ်လိုပညာပေးခဲ့လဲဆိုတော့… ဗီဒီယိုလေးကို သေချာဝင်ကြည့်ကြည့်လိုက်နော်။ 😛

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Comments are closed.