မွေးနေ့ညလေးမှာ ချစ်ရတဲ့ ခင်ပွန်းကို ကလေးလို ချွဲနေတဲ့ ချောရတနာရဲ့ချစ်စရာပုံရိပ်တွေ

မွေးနေ့ညလေးမှာ ချစ်ရတဲ့ ခင်ပွန်းကို ကလေးလို ချွဲနေတဲ့ ချောရတနာရဲ့ချစ်စရာပုံရိပ်တွေ

မျက်နှာချိုလွန်းလို့ ပရိသတ်တွေ အရမ်းသဘောကျရတဲ့ မင်းသမီးချောလေး ချောရတနာကေ တာ့ သဘောကောင်းတဲ့ စိတ်ထားကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ချောရတနာက သူမရဲ့မွေးနေ့အတွက် အမှတ်တရညစာစားပွဲလေးမှာ ချစ်ရသူတွေနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်း ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချောရတနာ ကတော့ ကလေးနှစ်ယောက် မေမေ ဖြစ်နေပေမယ့်လည်း ချစ်ရတဲ့ ခင်ပွန်းကိုတော့ မွေးနေ့ ညလေးမှာ ချစ်စရာကောင်းအောင် ချွဲနေတာကြောင့် ပရိသတ်တွေလည်း သဘောကျနေ ရတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကလေးနှစ်ယောက်ရတဲ့အထိ အလိုလိုက်တဲ့ ခင်ပွန်းကို ချွဲနေတုန်းဖြစ်တဲ့ ချစ်စရာ မင်းသမီးချောလေး ချောရတနာရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချောရတနာကတော့ “ချစ်သော သူများနဲ့ Birthday night 💙🥳🥳🥳” ဆိုပြီး သူမရဲ့မွေးနေ့ညလေးမှာ ချစ်ရတဲ့ သူငယ်ချင်းတွေရယ်၊ ချစ်ရတဲ့ မိသားစုရယ်နဲ့အတူ ပျော်ပျော်ကြီးြ ဖတ် သန်းခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချောရတနာရဲ့မွေးနေ့ပွဲလေးကိုတော့ ချစ်ရတဲ့ သူငယ်ချင်းလေး ရတနာခင်တို့ ဇနီးမောင်နှံလည်း သွားရောက်ခဲ့တာ တွေ့ရပါတယ်။

ချောရတနာရဲ့ခင်ပွန်းကတော့ သူမကို ဘာသာတရားလုပ်ဖို့လည်း အကောင်းဆုံး ပံ့ပိုးပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်မို့ ချောရတနာ ကံကောင်းလွန်းပါတယ်နော်။

ချောရတနာကတော့ လက်ရှိမှာ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာ သားလေးရယ်၊ သမီးလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ကလေးနှစ်ယောက် မေမေဆိုပေမယ့်လည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ချောရတနာကိုတော့ ပရိသတ်တွေကလည်း အနုပညာအလုပ်တွေ ပြန်လုပ်စေချင်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ ချောရတနာတို့ မိသားစုလေးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chaw Yadanar’s Facebook

Comments are closed.