လတ်တလော ခေတ်စားနေတဲ့ OverSize အင်္ကျီလေးတွေနဲ့ အရမ်း လိုက်ဖက်နေတဲ့ ရွှေမင်းသမီးများ

လတ်တလော ခေတ်စားနေတဲ့ OverSize အင်္ကျီလေးတွေနဲ့ အရမ်း လိုက်ဖက်နေတဲ့ ရွှေမင်းသမီးများ

လတ်တလော International မှာရော ခေတ်စားနေတဲ့ ဖက်ရှင်လေးကတော့ Oversize ဖက်ရှင်လေးပါ။ နိုင်ငံခြား မော်ဒယ်တော်တော်များများကလည်း Oversize ဖက်ရှင်ကို ဝတ်လာကြတာတွေ့ရပါတယ်။ Oversize ဖက်ရှင်က လူတိုင်းနဲ့ မလိုက်ဖက်တာကြောင့် လူတွေတော်တော်များများ မရွေးချယ်တဲ့ ဖက်ရှင်ထဲမှာပါဝင်ပါတယ်။ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံက အနုပညာရှင်တော်တော်များများကလည်း Oversize ဖက်ရှင်ကို ဝတ်လာ ကြတာတွေ့ရပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေ အတွက် OverSize ဖက်ရှင်နဲ့ အရမ်းလိုက်ဖက်တဲ့ မြန်မာနိုင်ငံမှ ရွှေမင်းသမီး လေးဦးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မင်းသမီးချောလေး ဖွေးဖွေးကတော့ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အမြဲလိုလိုခံထားရသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာကို မြတ်မြတ်နိုး နိုးနဲ့ တလေးတစားလုပ်ကိုင်နေတဲ့ ဖွေးဖွေးက အနုပညာလောကမှာ နံပါတ်၁ မင်းသမီးလေး လို့ပြောရလောက်အောင် အောင်မြင်မှုများစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများစွာကလည်း ပရိသတ်တွေ ကြားမှာ နာမည်ကြီးခဲ့တာပါ။ ဒီတစ်ခါမှာတော့ ဖွေးဖွေး က လတ်တလော ခေတ်စားနေတဲ့ Oversize ဖက်ရှင်အမိုက်စားကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တာပါ။ Oversize ဖက်ရှင်နဲ့ ဖွေးဖွေးက အရမ်းကို လိုက်ဖက်ပြီး ဂေါ်နေတာပါ။

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်မလေးတစ်ဦးပါ။ သူမ ကချောမောလှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖက်ရှင်အမိုက်စားတွေအမြဲဝတ်လေ့ရှိတဲ့ ဝတ်မှုံရွှေရည် က Oversize ဖက်ရှင်အမိုက်စား ဝတ်ဆင်ပြီး ပွဲတက်ခဲ့တာပါ။ သေးသွယ်တဲ့ Body ကိုပိုင်ဆိုင်ထားတဲ့ ဝတ်မှုရွှေရည်က Oversize ကို ဂေါ်ဆန်ဆန်ဖက်ရှင်တစ်ကျဝတ်ဆင်ထားပြီး အရမ်းကို ကြည့်ကောင်းနေတာပဲ ဖြစ်ပါတယ်။

ချောမောလှပတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စား Body ကိုပိုင်ဆိုင်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက သရုပ်ဆောင်ပီပြင်ပြီးကျရာဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်တဲ့ မင်းသမီးဖြစ်တဲ့အပြင်သူမရဲ့ စွဲမတ်ဖွယ်ရာ အမိုက်စား Body ကြောင့်ပုရိသတွေကြားမှာ ရေပန်းစားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် က သူမရဲ့ အရမ်းHot တဲ့ ဖက်ရှင်များနဲ့လည်း နာမည်ကြီးသူပါ။ ဒီတစ်ခါမှာတော့ ဖက်ရှင်ဘုရင်မလေး သင်ဇာက ဆိုင်ဖွင့်ပွဲ တစ်ခုကို Oversize ဖက်ရှင်အလန်းစားနဲ့ ခပ်မိုက်မိုက်ပွဲတက်ခဲ့တာပဲဖြစ်ပါတယ်။

ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာ အမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။


Moekalay
Source;phway phway, wutt hmone shwe yi, thin zar wint kyaw, nay chi oo, Reference & Credit:momolay.com

Comments are closed.