အရမြးမိုကတြဲ့ အဖှူ၊ အမညြးဝတြ လးတှနေဲ့ လိုကဖြကစြှာ ပှဲတကလြာ တဲ့ လှှမြးပိုငနြဲ့ Bobby Soxer

အရမြးမိုကတြဲ့ အဖှူ၊ အမညြးဝတြ လးတှနေဲ့ လိုကဖြကစြှာ ပှဲတကလြာ တဲ့ လှှမြးပိုငနြဲ့ Bobby Soxer

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က တူညီတဲ့ အနုပညာလမ်းပေါ်မှာ အောင်မြင်မှုတွေ များစွာနဲ့ လျှောက်လှမ်းနေသူတွေဖြစ် ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ နှစ်ယောက်စလုံး မအောင်မြင်ကြသေးခင်ဘဝက တည်းက အတူတူကြိုးစားလာခဲ့တာ အခုချိန်ထိ အေးးအတူ ပူအမျှနဲ့ လက်တွဲမဖြုတ်ပဲ ချစ်လာကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလဲ အေးချမ်းပြီး တည်ငြိမ်လွန်းတဲ့ သူတို့စုံတွဲလေး ကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲလေးက မနေ့က စက်တင်ဘာလ (၂၉) ရ့က်နေ့က ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်တဲ့ “KISS ME” Cosmetic Brand ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့က လူငယ်ဆန်ဆန် အဖြူ၊ အမည်း ဖက်ရှင်လေးတွေနဲ့ အရမ်းမိုက်နေတာမို့ မိုမိုလေးပရိသတ်တွေအတွက် လွှမ်းပိုင်တို့ စုံတွဲလေးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

လွှမ်းပိုင်နဲ့ Bobby Soxer က အခုဆိုရင် ချစ်သူသက်တမ်း (၁၀) နှစ်ကျော်တိုင် ရွှေလက်တွဲလာတာဖြစ်ပြီး စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ကြင်နာတဲ့ သမီးရည်းစားတွေပဲ ဖြစ်ပါတယ်။

လွှမ်းပိုင်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေသလို သီချင်းအသစ်တွေကိုလည်း လုပ်နေတာပဲ ဖြစ်ပါတယ်။ Bobby Soxer ကတော့ သရုပ်ဆောင်မလုပ်ပဲ သီချင်းဆိုတဲ့ အလုပ်ကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့အတွဲလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲလေးရဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Hlwan Paing’s fb
Photo: RBV, Reference& Credit:momolay.com

Comments are closed.