ဗစ်တိုးရီးယားအမှု ရှေ့နေအမှုဖွင့်ခံ ရခြင်းက ရှေ့နေထုကိုထိခိုက်ဟု အဖွဲ့ချုပ်က ထုတ်ပြန်

ဗစ်တိုးရီးယားအမှု ရှေ့နေအမှုဖွင့်ခံ ရခြင်းက ရှေ့နေထုကိုထိခိုက်ဟု အဖွဲ့ချုပ်က ထုတ်ပြန်

ဗစ်တိုးရီးယားအမှုတွင် ရှေ့နေအမှုဖွင့်တိုင်ကြားခံရခြင်းက မြန်မာနိုင်ငံရှေ့နေထုကို ထိခိုက်စေဟု အဖွဲ့ချုပ်က ထုတ်ပြန်

လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုတွင် နှစ်ဖက်ရှေ့နေများကို Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေး ဒေါ်ဥမ္မာလှိုင်က တရားလိုပြု အမှုဖွင့်တိုင်ကြား နေခြင်းမှာ မြန်မာနိုင်ငံ၏ ရှေ့နေထု တစ်ရပ်လုံးကိုပါ ထိခိုက်နစ်နာစေကြောင်း မြန်မာနိုင်ငံ ရှေ့နေအသင်းများ၏ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာစစ်ဆေးလျက်ရှိသော ဗစ်တိုးရီးယားအမှု မှ တရားလို၏ ရှေ့နေ ဒေါ်ရွက်နုအောင်နှင့် တရားစွဲဆိုခံရသူဘက်မှ ရှေ့နေ ဦးခင်မော င်ဇော်၊ ဒေါ်စုဒါလီအောင်တို့ကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှို င်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုတိုင်တန်းထားသည်။

ဗစ်တိုးရီးယားအမှုဖြစ်စဉ်တွင် အမှုသည်၏ တာဝန်ပေးချက်အရ ဥပဒေဘောင်အတွင်းမှ ကိုယ်စားဆောင်ရွက်ရသည့် ရှေ့နေများကို ထည့်သွင်း တရားစွဲဆိုပါက အမှုတိုင်း၌ ရှေ့နေများ တရားစွဲဆို ခံရတော့မည်ဖြစ်ပြီး ယင်းအမှုရှေ့နေများမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားခွင်တွင် ကြိုးပမ်းသကဲ့သို့ အများပြည်သူအဖြစ်မှန် သိရှိစေရန်အတွက် ပြန်ကြားခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်မှ သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

နှစ်ဖက်ရှေ့နေများကို တရားစွဲဆို တိုင်တန်းနေခြင်းမှာ တရားစီရင်ရေးကို ဆောင်ရွက် ကူညီပေးနေသော ရှေ့နေများ၏ ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် ထိပါးစေမည်ဖြစ်သကဲ့သို့ အများပြည်သူ၏ သိပိုင်ခွင့်ကိုလည်း တစ်နည်းအားဖြင့် ဟန့်တား ခြင်းကဲ့သို့ ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ် လိုအပ်သလို ဥပဒေဘောင်အတွင်းမှ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်ကြေညာချက်တွင် ဖော်ပြထားသည်။

Comments are closed.