ကာရိုက်တာပီပြင်ဖို့အတွက် နေတိုးကို အားနာခဲ့ရတယ်ဆိုတဲ့ မြတ်ကေသီအောင်

ကာရိုက်တာပီပြင်ဖို့အတွက် နေတိုးကို အားနာခဲ့ရတယ်ဆိုတဲ့ မြတ်ကေသီအောင်

မြတ်ကေသီအောင်ဟာ စပွန်ဆာရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေရိုက်တဲ့အခါမှာ နေတိုးကို အားနာမိခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။ စပွန်ဆာ ဆိုတဲ့ စကားလုံးတိုင်းက မကောင်းတာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

မြတ်ကေသီအောင်ကိုတော့ စပွန်ဆာ ရုပ်ရှင်ကားကြီးထဲမှာ နေတိုးနဲ့ အတူတွဲသရုပ် ဆော င် ရမယ့် စပွန်ဆာ မမ တစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ စပွန်ဆာ ဆိုတဲ့ စကားအသုံးအနှုန်းကိုလည်း မီဒီယာ အင်တာဗျုးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဒီခေတ်ကြီးထဲမှာ စပွ န်ဆာ ဆိုတာကတော့ မကောင်းတဲ့ဘက်ကို ရွေးပြီးသွားလို့မ ရတော့ဘူးလေ။ စပွန်ဆာဆိုတဲ့ စကားလုံးက ဟိုးအရင်တုန်းကသာ မတွင်ကျယ်တဲ့ ခေတ်၊ အမြင်မကျယ်တဲ့ ခေတ်မှာသာ မကောင်းတဲ့ဘက်ကို ဦးစားပေးခဲ့တယ်ဆိုပေမယ့် ဒီခေတ်၊ ဒီအခါမှာတော့ မင်းသား၊ မင်းသမီး၊ သရုပ်ဆောင်၊ အပြင်လူတွေကပါ စပွန်ဆာဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ်သုံးနေပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ်မှာ ဆုံးဖြတ်လို့ရပါတယ်’’ လို့ သူကဆိုပါတယ်။

နေတိုးနဲ့ တွဲသရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းတွေအကြောင်းကိုလည်း မြတ်ကေသီအောင်က အမှတ်တရစကားပြောပြလာပါတယ်။ ကာရိုက်တာပီပြင်ဖို့အတွက် သရုပ်ဆောင်ရတာ ကြောင့် နေတိုးကို အားနာမိတာတွေရှိတယ်လို့ ဆိုပါတယ်။

‘’ကိုယ့်မောင်လေးတွေဆိုတော့ မျက်နှာပူတာပေါ့။ ဒါပေမယ့် အလုပ်ဆိုတော့လည်း တကယ်ရိုက်ရတဲ့အခါမှာ တကယ့် ကာရိုက်တာအတွက် စိတ်ကို သွင်းရတာပေါ့နော်။ မောင်လေးတွေဆိုတာလည်း ဘယ်သူမှ မရှိဘူးဆိုပြီးတော့ အကြည့်တွေက အစ စိတ်ကို သွင်းရတာပေါ့။ ပထမတုန်းကတော့ ရှက်ကိုးရှက်ကန်းဖြစ်တာပေါ့။ ဒီလို အိပ်ရာကြီး ပေါ်မှာ သူရော ကိုယ်ရော စောင်ကြီးကလည်း ခြုံ၊ ပြီးရင် သူ့မျက်နှာပေါ် ကိုယ်အပ်၊ ကိုယ့်မျက်နှာပေါ် သူအပ်ဆိုတော့လည်းလေ အားတွေနာတာပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ညက စပွန်ဆာရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရော က်ရင်းဖြေဆိုခဲ့တာပါ။

မြတ်ကေသီအောင်(Myat Kay Thi Aung) ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထားတုန်းပါပဲ။ လက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ဖူးတဲ့ မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးကိုဘဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ မောင်လေးအရင်းနဲ့အတူ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတာပါ။

Credit:Duwun

Comments are closed.