
သွေးတိုးကျပြီး၊ အနာကျက်မြန်ခြင်း ၊ ကြွက်တက်ခြင်းတို့အတွက် ကျွဲကော သီး အစွမ်း
သွေးတိုးကျပြီး၊ အနာကျက်မြန်ခြင်း ၊ ကြွက်တက်ခြင်းတို့အတွက် ကျွဲကောသီးအစွမ်း”
(၁) ဆီးလမ်းကြောင်း ပိုးဝင်မှုကို သက်သာစေပါတယ်
ရေအများအပြား သောက်တာ နဲ့ ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်တာတွေက ဆီးလမ်းကြောင်း ပိုးဝင်မှုကို တွန်းလှန်နိုင်အောင် ကူညီနိုင်တဲ့ ထိရောက်တဲ့ နည်းတွေပဲဖြစ်ပါတယ်။

ဗီတာမင်စီ အများအပြား ပါဝင်တဲ့ ကျွဲကောသီးဟာ ကိုယ်ဝန်ဆောင်ချိန် အတောအတွင်း ရောင်ရမ်းမှုကို တွန်းလှန်နိုင်ပါတယ်။ ဗီတာမင်စီက ဆီးလမ်းကြောင်းရှိဘက်တီးရီးယား ကြီးထွားပြန့်ပွားမှုကို လျော့ကျစေပြီး ဆီးထဲက အက်စစ် ဂုဏ်သတ္တိကို မြင့်တက်စေပါတယ်။
(၂) အနာကို မြန်မြန်ကျက်စေပါတယ်
ခွဲစိတ်ကုသမှု ခံယူထားတဲ့အခါ ဗီတာမင်စီ များများပါဝင်တဲ့ ကျွဲကောသီး နဲ့ တခြား အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေကို စားသင့်ပါတယ်။
ဗီတာမင်စီဟာ အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင် ဖြစ်ပေါ်မှုမှာပါဝင်တဲ့ အင်ဇိုင်းအကူ ဖြစ်သလို အရေပြားရဲ့ ဆွဲဆန့်အားကို ကောင်းမွန်စေကာ အနာကျက် မြန်စေပါတယ်။

(၃) သွားနှင့် ခံတွင်းကို ကျန်းမာစေပါတယ်
သွားဖုံး သွေးထွက်တာနဲ့ သွားဆုံးရှုံးတာက ဗီတာမင်စီ ချို့တဲ့လို့ဖြစ်ရတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကော်လာဂျင်က အရေပြား ဖြစ်ပေါ်ရေးအတွက် အရေးပါရုံသာမက သွားနဲ့ သွားဖုံးတွေ ကျန်းမာစေဖို့လည်း တည်ဆောက်ပေးပါတယ်။
(၄) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
ဗီတာမင်စီဟာ ခန္ဓာကိုယ်ထဲမှာ သံဓာတ် စုပ်ယူရေးကို ကောင်းမွန်စေတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် သံဓာတ် ဖြည့်စွက်ဆေး မှီဝဲနေရင် လိမ္မော်ရည် သောက်ပေးပါ၊
ဒါမှမဟုတ် အသားနဲ့အတူ ဗီတာမင်စီ များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ဒီအာဟာရဓာတ် နှစ်ခုစလုံးဟာ အူထဲကို တစ်ချိန်တည်း အတူတူ ရောက်ရှိနိုင်ပါတယ်။

(၅) အအေးမိတာနဲ့ တုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးပါတယ်
ဗီတာမင်စီက ပဋိပစ္စည်းရဲ့ လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပေးရာမှာ အလွန်အရေးပါသလို ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေလို ပြင်ပရန်သူတွေကို တွန်းလှန်ပေးနိုင်တဲ့ ကိုယ်ခံအား ဆဲလ်တွေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူစနစ်ဆိုင်ရာ ပြဿနာတွေ မရအောင် ကာကွယ်ပေးနိုင်တာပါ။
(၆) သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်
ကျွဲကောသီးကို စားသင့်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုက ပိုတက်စီယမ်ပါဝင်မှု မြင့်မားလို့ပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ သွေးတိုးတာကို လျော့ကျစေပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီး နဲ့ မာလကာသီးတို့ဟာ ပိုတက်စီယမ် ပေါများစွာ ပါဝင်တဲ့ သစ်သီးတချို့ ဖြစ်ပါတယ်။
(၇) အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
လေ့လာမှုအရ အစားအသောက်ကနေ ပိုတက်စီယမ် များများရရင် အရိုးသိပ်သည်းဆကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

(၈) ခြေထောက်ကြွက်တက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
သင်က မကြာခဏ ခြေထောက် ကြွက်တက်တဲ့ ဝေဒနာ ဖြစ်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပိုတက်စီယမ်ကို ပိုမို လိုအပ်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သား ဆွဲဆန့်မှုနဲ့ နာ့ဗ်ကြောအချင်းချင်း ဆက်သွယ်မှုမှာ မရှိမဖြစ် အရေးပါနေပါတယ်။
(၉) အူမကြီးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်
ကျွဲကောသီးမှာ အမျှင်ဓာတ် အများအပြား ပါဝင်ပြီး အူလှုပ်ရှားမှုကို ပုံမှန် ကောင်းမွန်စေပါ တယ်။ ဒါ့အပြင် လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်
ကျွဲကောသီးမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် ထိန်းချုပ်ရေးမှာ အရေးပါတယ်ဆိုတာ သင် သိပါရဲ့လား။ အမျှင်ဓာတ် များများပါတဲ့ အစာတွေက အစာအိမ်ထဲမှာ ခပ်ကြာကြာ ရှိနေပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။
အစာကို ကြာကြာ ဝါးစားရလေလေ၊ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိလေလေ ဖြစ်ပြီး အစာကို အလွန်အကြူး မစားမိအောင် ရှောင်ရှားနိုင်လေလေ ဖြစ်ပါတယ်။ ကျွဲကောသီးဟာ ကယ်လ်စီယမ်နဲ့ ပရိုတင်းပါတဲ့ အသီးလည်း ဖြစ်ပါတယ်။
Credit-Good Health