ကိတပြိစိလေးမှာ ဖယောငြးတိုငြ မီး ထှနြး ပှီး ဖဖေေ့အတှကြ မှေးနေ့ဆုေ တာငြးပေးခဲ့တဲ့ ခတြနေဲ့သဈ

ကိတပြိစိလေးမှာ ဖယောငြးတိုငြ မီး ထှနြး ပှီး ဖဖေေ့အတှကြ မှေးနေ့ဆုေ တာငြးပေးခဲ့တဲ့ ခတြနေဲ့သဈ

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအ ပြည့် အဝရှိတဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ(၂) ရက်နေ့ကတော့ လင်းလင်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လင်းလင်းက သူ့ရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ မိသားစုလေးနဲ့ ရိုးရှင်းစွာသာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ညပိုင်းမှာတော့ ချစ်သုဝေ၊ ခေတ်နဲ့သစ်တို့က ဖေဖေကြီး လင်းလင်းအတွက် ကိတ်ပိစိလေးနဲ့ ဖယောင်းတိုင်မီးမှုတ်ပြီး ပျော်ရွှင်စွာ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် လင်းလင်းရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကိတ်ပိစိလေးမှာ ဖယောင်းတိုင်မီးထွန်းပြီး ဖေဖေလင်းလင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခေတ်နဲ့သစ်

လင်းလင်းတို့ မိသားစုလေးကတော့ မွေးနေ့ပွဲလေးကို သာမာန် ရိုးရိုးရှင်းရှင်း ကျင်းပခဲ့ ပေမယ့် မေတ္တာတရားတွေ လွှမ်းခြုံထားတယ်ဆိုတာ မြင်ရုံနဲ့ သိနိုင်ပါတယ်။ ပရိသတ် ကြီးလည်း ခေတ်နဲ့ သစ်တို့ရဲ့ ဖေဖေလင်းလင်းအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။

Rowena
Source: Chit Thu Wai’s fb, Reference&Credit:momolay.com

Comments are closed.