ခ်စ္သူက မိုးေဟကိုနဲ႔ ဆင္တူလို႔ ခ်စ္မိသြားတယ္ဆိုတဲ့ ေနခန္႔မင္းသစ္

ခ်စ္သူက မိုးေဟကိုနဲ႔ ဆင္တူလို႔ ခ်စ္မိသြားတယ္ဆိုတဲ့ ေနခန္႔မင္းသစ္

ျမန္မာအုိင္ေဒါ Season 3 မွာ Top 11 ထဲကိုဝင္ေရာက္ႏိုင္ခဲ့သူ ေနခန္႔မင္းသစ္ကေတာ့ ျမန္မာအုိင္ေဒါဖူးစာကို ဆံုခဲ့သူတစ္ဦးပါ။ ျပိဳင္ပြဲတစ္ေလ်ွာက္ ဒိုင္ေတြရဲ႕ Save လုပ္ျခင္းခံခဲ့ရတဲ့ ေနခန္႔မင္းသစ္ဟာ ျမန္မာအိုင္ေဒါျပိဳင္ပြဲမွာလည္း မိန္းကေလးပရိသတ္ေတြရဲ႕ အခိုင္အမာအားေပးျခင္းကိုခံခဲ့ရပါတယ္။ လက္ရွိမွာေတာ့ ရွိုးပြဲေတြသီဆုိေဖ်ာ္ေျဖေနတဲ့ ေနခန္႔မင္းသစ္က ခ်စ္သူေကာင္မေလးကို ဘာေၾကာင့္ ၾကိဳက္သြားရလဲဆိုတာကို ေျပာျပခဲ့ပါတယ္။

ေနခန္႔မင္းသစ္ဟာ သရုပ္ေဆာင္မုိးေဟကို ကို အေသရရ၊ အရွင္ရရ ၾကိဳက္တဲ့သူပါလို႔ဆုိပါတယ္။ ယခုခ်စ္သူေကာင္မေလးကလည္း သူ႔ရဲ႕အျမင္မွာ မိုးေဟကိုနဲ႔ ဆင္တူေနတဲ့အတြက္ ခ်စ္မိသြားတယ္လို႔ဆုိပါတယ္။

“က်ေတာ္က မိုးေဟကိုအရမ္းၾကိဳက္တယ္ေလ။ အေသရရ၊ အရွင္ရရကိုၾကိဳက္တာ။ အဲလိုမ်ိဳးဆုိေတာ့ က်ေတာ့္မ်က္လံုးထဲမွာေပါ့ေနာ္ က်ေတာ့္အျမင္ေပါ့ သူက မိုးေဟကိုနဲ႔ နည္းနည္းတူတယ္ဆိုတဲ့ အျမင္ရွိလို႔ အဲလိုေပါ့ အဲဒါေၾကာင့္မို႔လည္း အရမ္းၾကိဳက္မိသြားတာပါ။ အရင္ကေတာ့ မိုးေဟကို ကိုထိပ္ေပါ့ေနာ္။ အခုေတာ့ ဒုတိယေနရာေလာက္ေပးထားရတယ္။ ” လို႔ ဆန္းေဒးဂ်ာနယ္ရဲ႕အင္တာဗ်ဴးမွာေျဖဆုိသြားခဲ့တာျဖစ္ပါတယ္။

ေနခန္႔မင္းသစ္ခ်စ္သူကေတာ့ ျမန္မာအိုင္ေဒါ Season 3 ကိုဝင္ေရာက္ယွဥ္ျပိဳင္ခဲ့သူျဖစ္ျပီးေတာ့ Top 11 ထိေတာ့မတက္လွမ္းႏိုင္ခဲ့ပါဘူး။ ခ်စ္သူနဲ႔ပံုရိပ္ေတြကို ေဖ့ဘုတ္ေပၚမတင္ျဖစ္တာကလြဲလို႔ သြားလာလွုပ္ရွားမွုေတြမွာ အျမဲအတူတူရွိေနတယ္လို႔ ေနခန္႔မင္းသစ္ကဆိုပါတယ္။ ေနခန္႔မင္းသစ္ရဲ႕ ခ်စ္သူကိုေတာ့ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါေနာ္။

Photos-အႏုပညာရွင္ေဖ့ဘုတ္

[UNICODE FONT]

မြန်မာအိုင်ဒေါ Season 3 မှာ Top 11 ထဲကိုဝင်ရောက်နိုင်ခဲ့သူ နေခန့်မင်းသစ်ကတော့ မြန်မာအိုင်ဒေါဖူးစာကို ဆုံခဲ့သူတစ်ဦးပါ။ ပြိုင်ပွဲတစ်လျှောက် ဒိုင်တွေရဲ့ Save လုပ်ခြင်းခံခဲ့ရတဲ့ နေခန့်မင်းသစ်ဟာ မြန်မာအိုင်ဒေါပြိုင်ပွဲမှာလည်း မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာအားပေးခြင်းကိုခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ရှိုးပွဲတွေသီဆိုဖျော်ဖြေနေတဲ့ နေခန့်မင်းသစ်က ချစ်သူကောင်မလေးကို ဘာကြောင့် ကြိုက်သွားရလဲဆိုတာကို ပြောပြခဲ့ပါတယ်။

နေခန့်မင်းသစ်ဟာ သရုပ်ဆောင်မိုးဟေကို ကို အသေရရ၊ အရှင်ရရ ကြိုက်တဲ့သူပါလို့ဆိုပါတယ်။ ယခုချစ်သူကောင်မလေးကလည်း သူ့ရဲ့အမြင်မှာ မိုးဟေကိုနဲ့ ဆင်တူနေတဲ့အတွက် ချစ်မိသွားတယ်လို့ဆိုပါတယ်။

“ကျတော်က မိုးဟေကိုအရမ်းကြိုက်တယ်လေ။ အသေရရ၊ အရှင်ရရကိုကြိုက်တာ။ အဲလိုမျိုးဆိုတော့ ကျတော့်မျက်လုံးထဲမှာပေါ့နော် ကျတော့်အမြင်ပေါ့ သူက မိုးဟေကိုနဲ့ နည်းနည်းတူတယ်ဆိုတဲ့ အမြင်ရှိလို့ အဲလိုပေါ့ အဲဒါကြောင့်မို့လည်း အရမ်းကြိုက်မိသွားတာပါ။ အရင်ကတော့ မိုးဟေကို ကိုထိပ်ပေါ့နော်။ အခုတော့ ဒုတိယနေရာလောက်ပေးထားရတယ်။ ” လို့ ဆန်းဒေးဂျာနယ်ရဲ့အင်တာဗျူးမှာဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

နေခန့်မင်းသစ်ချစ်သူကတော့ မြန်မာအိုင်ဒေါ Season 3 ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီးတော့ Top 11 ထိတော့မတက်လှမ်းနိုင်ခဲ့ပါဘူး။ ချစ်သူနဲ့ပုံရိပ်တွေကို ဖေ့ဘုတ်ပေါ်မတင်ဖြစ်တာကလွဲလို့ သွားလာလှုပ်ရှားမှုတွေမှာ အမြဲအတူတူရှိနေတယ်လို့ နေခန့်မင်းသစ်ကဆိုပါတယ်။ နေခန့်မင်းသစ်ရဲ့ ချစ်သူကိုတော့ ပရိသတ်တွေ တော်တော်များများသိကြမှာပါနော်။

Photos-အနုပညာရှင်ဖေ့ဘုတ်

Comments are closed.