

လည်း အံ့သြစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ခံနေရသူလေး ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးပွား လာတဲ့ ခေးဆက်သွင်ကလည်း သူမရဲ့ အလုပ်ကို အာရုံစိုက်ပြီး တလေးတစ လုပ်ကိုင်နေတာ ကို တွေ့ရပါတယ်။

အမြဲတမ်းပြုံးနေပြီး ပျော်ပျော်ရွှင်ရွှင်ပဲနေတတ်တဲ့ ခေးဆက်သွင်က ဒီတစ်ခေါက်မှာလည်း ရှုတင်မှာ “ကမ်းစပ်” သီချင်းလေးကို ညီညီမောင်(စမ်းချောင်း)ပုံစံအတိုင်း ကပြခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေး ပရိသတ်တွေအတွက် ခေးဆက်သွင်နဲ့ စွမ်းထက်အောင်တို့ရဲ့ Tik Tok လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခေးဆက်သွင်ကတော့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားထဲက ညီညီမောင် (စမ်းချောင်း)ရဲ့ အိုက်တင်အတိုင်း လုပ်ပြခဲ့တာ တကယ်ကို တူပါတယ်။ အဲ့ဒီအကရဲ့ မူရင်းပိုင်ရှင် ညီညီမောင်(စမ်းချောင်း)ကတောင် ” သု ကတာထက် မိုက်နေရော ဆိုပြီး ခေးဆက်သွင်ကို ချီးကျူးထားပါတယ်။

ခေးဆက်သွင်ကတော့ အိုက်တင်အမူအယာနေရာမှာတော့ တကယ့်ကို ပါရမီပါသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။

Rowena
Source:Swan Htet Aung’s fb,Reference&Credit:momolay.com

Comments are closed.