မိန်းကလေးတွေကြွေရအောင် အနီးကပ်ပုံရိပ်တွေနဲ့ ညို့ငင်လိုက်တဲ့ ပိုင်တံခွန်

မိန်းကလေးတွေကြွေရအောင် အနီးကပ်ပုံရိပ်တွေနဲ့ ညို့ငင်လိုက်တဲ့ ပိုင်တံခွန်

မော်ဒယ် သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ဟာဆိုရင် နှင်းဆီခိုင် အမျိုးသမီးတွေရဲ့ သဲသဲလှုပ်ချစ်ခြင်းကို ခံနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ အများရဲ့ ချစ်ခြင်းတွေကို ရရှိထားခဲ့တဲ့ ပိုင်တံခွန်ကတော့ ယခုဆိုရင် ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေများစွာမှာလည်း သရုပ်ဆောင်ပြီး ဖြစ်ပါတယ်။တစ်နေ့တခြား အောင်မြင်မှုတွေ ရရှိလာတဲ့ ပိုင်တံခွန်က အနုပညာလုပ်ငန်းတွေကို ဆက်တိက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်၊

ဒီနေ့မှာတော့ ပိုင်တံခွန် သူ့ရဲ့ မိန်းကလေးပရိသတ်တွေ ကြွေဆင်းသွားရအောင် အမိုက်စား ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အရမ်းချောတာပဲ ပိုင်တံခွန်ရယ် 😍

ပိုင်တံခွန်က အနီးကပ် ကြည့်တာတောင် အပြစ်ဆိုစရာမရှိအောင် ချောမောလွန်းနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက တစ်နေ့တစ်ခြား အချစ်တွေ ပိုနေရတာ ဖြစ်ပါတယ်။

ပိုင်တံခွန်က ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေ ရရှိပြီးတဲ့နောက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ကူးလူးပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို အမိုက်စား ပုံရိပ်တွေနဲ့ ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။

Rowena
Source: Paing Takhon’s fb,Reference&Credit:momolay.com

Comments are closed.