တစ်ဦးတည်းသော ချစ်ဇနီးလေးကို ကြင်နာစွာ မွေးနေ့ဆုတောင်းပေး လိုက်တဲ့ ကျော်ကျော်ဗိုလ်

တစ်ဦးတည်းသော ချစ်ဇနီးလေးကို ကြင်နာစွာ မွေးနေ့ဆုတောင်းပေး လိုက်တဲ့ ကျော်ကျော်ဗိုလ်

အနုပညာကို ရူးသွပ်ပြီး၊ ခံစားချက်အပြည့်နဲ့ ကျရာဇာတ်ရုပ်ကနေ ပရိသတ်တွေကို ခံစားမှုရ သတွေ ပေါင်းစုံပေးစွမ်းနိုင်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ မိသားစုကိုလည်း တန်ဖိုးထားပြီး အရမ်းကို ချစ်တတ်လွန်းသူတစ်ဦးပါ။ လတ်တလောမှာတော့ ဒီနေ့လေးမှာ ကျရောက်လာတဲ့ သူ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးလေးကို Romantic ဆန်လွန်းလှတဲ့ မွေးနေ့ဆုတောင်းလေးတစ်ခု တောင်းပေးခဲ့တာ တွေ့ရပါတယ်။ ကျော်ကျော်ဗိုကတော့ မကြာခဏဆိုသလို ချစ်ရတဲ့ ဇနီးနဲ့ သမီးကို ဘယ်လောက်ထိချစ်ကြောင်း လူမှုကွန်ယက်မှာ ထုတ်ပြောလေ့ရှိသူတစ်ဦးပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နောက်တစ်ယောက်မရှိနိုင်တော့တဲ့ တစ်ဦးတည်းသော ချစ်ဇနီးလေးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်ဗိုလ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ကျော်ဗိုလ်ကတော့ “တစ်ဦးတည်းသောဇနီး Happy Birthday ပါ ။ 😘🎂 မှ တစ်ဦးတည်းသောခင်ပွန်း နှင့် တစ်ဦးတည်းသောသမီး 🥰” ဆိုပြီး သူ့ဘဝမှာ နောက်တစ်ယောက်မရှိနိုင်တော့တဲ့ ချစ်ဇနီးကို Romantic ဆန်ဆန် မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

ပါရမီဖြည့်ဘက်ကောင်း ပီသတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ ချစ်ဇနီးချောလေးကတော့ နှစ်ပေါင်းများစွာတိုင်အောင် ခင်ပွန်းရဲ့ဘေးမှာ ပါရမီဖြည့်ပြီး၊ အိမ်ထောင်ရှင်မတစ်ဦးရဲ့တာဝန်တွေကို အပြည့်အဝကျေြ ပွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။


Myint Myat
Source;Kyaw Kyaw Bo’s Facebook, Reference& Credit:momolay.com

Comments are closed.