ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ အနီရောင်ဂါဝန်လေးနဲ့ အလှဆုံးဖြစ်ေ နတဲ့ ပိုင်ဖြိုးသု

ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ အနီရောင်ဂါဝန်လေးနဲ့ အလှဆုံးဖြစ်ေ နတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေက “မီ” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုဟာ သရုပ်ဆောင် ကောင်းမွန်ပြီး “3 Girls” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီး (၁)ဆုကို ထိုက်ထိုက်တန် တန် ဆွတ်ခူးရရှိထားသူလေး ဖြစ်ပါတယ်။ အနုပညာဘက်မှာ ပါရမီထူးချွန်တဲ့ ပိုင်ဖြိုးသုက အင်မတန် မွန်မြတ်တဲ့အလုပ်ဖြစ်တဲ့ ဆရာဝန်မလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက အိမ်ထောင်ကျပြီး အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေက အချစ်မလျော့ပဲ ပိုလို့တောင် အားပေးကြတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာတွေကို ရိုက်ကူးပေးနေသလို ပွဲအခမ်းအနားတွေကိုလည်း လက်မလည်အောင် တက်ရောက်ပေးနေရတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁) ရက်နေ့မှာတော့ ပိုင်ဖြိုးသုက သူမပါဝင်သရုပ်ဆောင်ထားတဲ့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကြီးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာြ ဖစ်ပြီး အကယ်ဒမီနေတိုး၊ ရဲလေး၊ ကျော်ကျော်၊ အကယ်ဒမီပိုင်ဖြိုးသု၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ မြတ်ကေသီအောင်နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။

ပိုင်ဖြိုးသုကတော့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးရဲ့ ညီမလေးအဖြစ် သရုပ်ေ ဆာင်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် အောက်တိုဘာလ (၃) ရက်နေ့မှာ ရုံတင်ပြသမှာမို့ နေတိုးကိုချစ်တဲ့ ပရိသတ်တွေ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Paing Phyoe Thu’s fb,Reference&Credit:momolay.com

Comments are closed.