ချစ်ရတဲ့ သားနဲ့ သမီးနာမည်ကို အသားမှာ တက်တူးထိုးခဲ့တဲ့ မေမေ ချောရတနာ

ချစ်ရတဲ့ သားနဲ့ သမီးနာမည်ကို အသားမှာ တက်တူးထိုးခဲ့တဲ့ မေမေ ချောရတနာ

ပရိသတ်တွေကို အပြုံးလေးနဲ့ အေးချမ်းစေတဲ့ ချစ်စရာမင်းသမီးလေး ချောရတနာကတော့ ချစ်ရသူနဲ့ လက်ထပ်ပြီး အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါ တယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့သူမကတော့ ချစ်ရတဲ့ သားသား၊ မီးမီးလေးနှ စ်ဦးနဲ့အတူ အပူပင်ကင်းစွာ ပျော်ရွှင်လို့ နေတာပါ။ လတ်တလောမှာတော့ ချောရတနာက ချစ်ရတဲ့ သားနဲ့ သမီးရဲ့နာမည်လေးတွေကို အသားမှာ တက်တူးထိုးခဲ့တဲ့အကြောင်း လူမှုကွန် ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချောရတနာကတော့ သားနဲ့သမီးကို အရမ်းချစ်တာကြောင့် အမှတ်တရလေးတစ်ခုအနေနဲ့ တက်တူးထိုးခဲ့တာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမရဲ့အသွေးအသားထဲက ဖြစ်တည် လာတဲ့ သားနဲ့ သမီးရဲ့အမှတ်တရနာမည်လေးတွေကို တက်တူးထိုးခဲ့တဲ့ ချောရတနာရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ချောရတနာကတော့ ချစ်ရသူနဲ့ ၂၀၁၂ခုနှစ်တုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင် သက်တမ်း ၆နှစ်နီးပါး ရှိပြီပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ ချောရတနာ တို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆည်းလည်းလေးနှစ်ခုနဲ့ သာယာနေတဲ့ ချောရတနာရဲ့ မိသားစုလေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chaw Yadanar’s Facebook,Reference&Credit:momolay.com

Comments are closed.