မိန်းကလေးတိုင်း သိထားသင့်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လေး တွေကို ရေးသားဝေမျှလာတဲ့ အဆိုတော် ရွှေရည် သိန်းတန်
မိန်းကလေးတိုင်း သိထားသင့်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလေးတွေကို ရေးသားဝေမျှလာတဲ့ အဆိုတော် ရွှေရည်သိန်းတန်….
ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန် ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန် ကိုတော့ မြန်မာပြည်သံစဉ်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ သူမကတော့ မြန်မာသံစဉ်ကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး မြန်မာဆန်ဆန်ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ဆယ်နှစ်နီးပါးလက်တွဲလာတဲ့ ရွှေရည်သိန်းတန် ရဲ့ခင်ပွန်းဖြစ်သူကတော့ ကိုဗစ်ရောဂါကြောင့် ရုတ်တရတ် ကွယ်လွန်သွားခဲ့တာကြောင့်
ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ ခင်ပွန်းဖြစ်သူကွယ်လွန်သွားခဲ့ပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ သူမကတော့ ပူဆွေးမှု့တွေကို ရှေ့တန်းမတင်ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ကြိုးစားလုပ်ကိုင်နေခဲ့တာကြောင့် အားလုံးကချီးကျူးခဲ့ရပါသေးတယ်။ ဒီကနေ့မှာတော့ ရွှေရည်သိန်းတန် ဟာ မိန်းကလေးတိုင်း သိထားသင့်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလေးတွေကို အခုလိုပဲ ‌ရေးသားမျှဝေခဲ့ပါတယ်။
” ယောက်ျားတိုင်း လိုချင်နေတဲ့ မိန်းမ ဖြစ်အောင် မနေပါနဲ့ ယောက်ျားတိုင်း မရနိုင်တဲ့ မိန်းမ ဖြစ်အောင်နေပါ..ယောက်ျားတိုင်းလွယ် လွယ်ရ တဲ့ မိန်းမဖြစ်အောင်မနေပါနဲ့..ယောက်ျားတိုင်းလွယ်လွယ်မရနိုင်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ. .ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့. .စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့ ဆုံးဖြတ်ချက်ချပြီးနောက်လှည့် မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ.. အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲ့ကသင်ခန်းစာယူပြီး ဘဝခရီးဆက် နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ.
Advertisement
.မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံး နိုင်တဲ့မိန်းမတစ်ယောက် ဖြစ်အောင်ကြိုးစားပါအချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့နဲ့အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..
အသိဉာဏ်မဲ့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဉာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ…တန်ဖိုးမဲ့မိ န်းမတစ်ယောက်ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ အနာဂတ်မှာမိန်းမတွေ ထက်မြက်ဖို့လို့ ပါတယ်…” ရွှေရည်သိန်းတန် ဟာ သူမရဲ့လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင် ဆက်ပေးလိုက်ပါတယ်။’
ကဲ …. ပျိုမဒီလေးတွေရေ ရွှေရည်သိန်းတန် ပြောပြခဲ့တဲ့ မိန်းကလေးတိုင်း သိသင့်တဲ့အချက်လေးတွေကို လိုက်နာပြီး စိတ်ဓာတ်ခိုင်မာပြီး အနာဂတ်မှာ ထက်မြက်တဲ့ မိန်းကလေးများ ဖြစ်နိုင်ကြပါစေနော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအ ထူးတင်ရှိပါတယ်။
[zawgyi]
Advertisement
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*