ဒေါ်နန်းခမ်းဝါ မိသားစု အခက်အခဲြ ဖစ်နေတာကြောင့် ဈေးဆိုင်တည်ပေး လိုက်တဲ့ ခိုင်နှင်းဝေ

ဒေါ်နန်းခမ်းဝါ မိသားစု အခက်အခဲြ ဖစ်နေတာကြောင့် ဈေးဆိုင်တည်ပေး လိုက်တဲ့ ခိုင်နှင်းဝေ


ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်ေ တွကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသား အရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှော က်နေတာပဲဖြစ် ပါ တယ်။

ကိုယ့်ရဲ့ သွေးသားအရင်မဟုတ်ပေမယ့် သူမရဲ့ ဂေဟာ ရောက်လာတဲ့ သားသမီးတွေကို မိခင်အရင်းလို ပြုစုနေတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။

ခိုင်နှင်းဝေက သူ့ရဲ့ အနုပညာလောကမှ စားဝတ်နေရေး အဆင်မပြေတဲ့ သူတွေကို အမြဲကူညီလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် ဒေါ်နန်းခမ်းဝါ မိသားစု အခက်အခဲဖြစ်နေတာကြောင့် ခိုင်နှင်းဝေက ဈေးဆိုင်တည်ပေးလိုက်တာပါ။

ခိုင်နှင်းဝေက ” ကျမတို့အနုပညာလောက ဇာတ်ပို့အလွှာမှ အမေ ဒေါ်နန်းခမ်းဝါ မိသားစု အခက်အခဲဖြစ်နေကြောင်း သိရလို့ အမေတို့မိသားစု အတွက် အိမ်တွင်းစီးပွါးရေး လုပ်နိုင်ရန် အအေးနှင့်လက်ဖက်သုပ် ဂျင်းသုပ် ရောင်းရန် လိုအပ်တာမှန်သမျှ ပစ္စည်းအစုံအလင် ပြင်ဆင်သွားပြီး အမေ နန်းခမ်းဝါ အိမ်ရှေ့ ဆိုင်လေးအတွက် အမိုးအကာ စသည်များ ပြင်ဆင်ပေးခဲ့သည့်အပြင် အသုံးစရိတ်တွက် ငွေကျပ် တစ်သိန်း ထပ်မံလှူဒါန်းခဲ့ပါတယ်ရှင် 🙏🏻🙏🏻🙏🏻ကျမ အလှူလေးတွေကို အမြဲ သတင်းလိုက်လံ ရိုက်ကူးပေးကြတဲ့ သတင်းမီဒီယာများ အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻” ဆိုပြီးပြောထားပါတယ်။

ခိုင်နှင်းဝေရဲ့ ပရဟိတ စိတ်ဓာတ်လေးက လေးစားစရာပါပရိသတ်ကြီးရေ။

ပရိသတ်ကြီးလည်း ခိုင်နှင်းဝေ ရဲ့ အလှူအကြောင်း သိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြ တဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khin hnin wai ,Reference&Credit:momolay.com

Comments are closed.