၆ ရက္ေန႔ အတြက္ မန္ယူႏိုက္တက္သတင္းတိုမ်ား

၆ ရက္ေန႔ အတြက္ မန္ယူႏိုက္တက္သတင္းတိုမ်ား

၁။ အက္သလက္တီကိုမက္ဒရစ္အသင္းနည္းျပ ဆီျမြန္နီကေတာ့ မန္ယူႏိုက္တက္ရဲ႕ပစ္မွတ္ ေနာက္ခံလူ ဂိုဒင္ကို အသင္းမွာပဲ ဆက္ထိန္းထားႏိုင္ဖို႔ ၾကိဳးစားေနေၾကာင္း ဆိုခဲ့ပါတယ္။ ဥရုေဂြးသားဟာ အင္တာမီလန္အသင္းနဲ႔ သေဘာတူညီမႈရထားျပီလို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

၂။ ရူအီဗစ္တိုးရီးယားကို ထုတ္ပယ္ခဲ့တဲ့ ေပၚတူဂီကလပ္ ဘင္ဖီကာအသင္းဟာ မန္ယူႏိုက္တက္အသင္းရဲ႕နည္းျပေဟာင္းေမာ္ရင္ညိဳကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ေပၚတူဂီသားကေတာ့ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

၃။ မန္ယူႏိုက္တက္အသင္းရဲ႕ နည္းျပေဟာင္းတဦးျဖစ္သူ ေဒးဗစ္မိြဳက္စ္ကေတာ့ လိဂ္ခ်န္ပီယံရွစ္ကလပ္ စတုတ္စီးတီးအသင္းရဲ႕ နည္းျပသစ္အျဖစ္ ေဆာင္ရြက္ဖို႔ နီးစပ္ေနေၾကာင္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

၄။ မန္စီးတီးအသင္းဟာ ကြင္းလယ္လူ ဘရာဟင္ဒိုင္ယက္ဇ္ကို ရီးယဲလ္မက္ဒရစ္အသင္းထံ ေရာင္းခ်ခဲ့ရာမွာ အကယ္၍ ကစားသမားကို မက္ဒရစ္သာ မန္ယူႏိုက္တက္ဆီ ျပန္ေရာင္းခဲ့ရင္ ရရိွတဲ့ေျပာင္းေရႊ႕ေၾကးရဲ႕ (၄၀)ရာခိုင္ႏႈန္းအထိ ေပးရမယ္ဆိုတဲ့အခ်က္ကို စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

၅။ နည္းျပဆိုးရွားအေနနဲ႔ ဖီအိုရင္တီးနားအသင္းရဲ႕ ေနာက္ခံလူ မီလင္ကိုဗစ္ကို ေပါင္ (၄၅)သန္းနဲ႔ ေခၚယူႏိုင္ဖို႔အတြက္ အမႈေဆာင္ခ်ဳပ္အက္ဒ္ဝုဒ္ဝက္ဒ္နဲ႔ ေဆြးေႏြးတိုင္ပင္သြားမယ္လို႔ သိရပါတယ္။

၆။ လတ္တေလာမွာ ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူျပီး ႏိုင္ပြဲေတြဆက္ေနခဲ့ေပမယ့္လည္း နည္းျပဆိုးရွားကေတာ့ စပါးအသင္းကို ရင္ဆိုင္ဖို႔အတြက္ မန္ယူႏိုက္တက္အေနနဲ႔ ဒီထက္ပိုျပီး တိုးတက္မႈရိွဖို႔ လိုအပ္ေနေသးတယ္လို႔ ဆိုခဲ့ပါတယ္။

[UNICODE FONT]

၁။ အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီကတော့ မန်ယူနိုက်တက်ရဲ့ပစ်မှတ် နောက်ခံလူ ဂိုဒင်ကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေကြောင်း ဆိုခဲ့ပါတယ်။ ဥရုဂွေးသားဟာ အင်တာမီလန်အသင်းနဲ့ သဘောတူညီမှုရထားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂။ ရူအီဗစ်တိုးရီးယားကို ထုတ်ပယ်ခဲ့တဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့နည်းပြဟောင်းမော်ရင်ညိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပေါ်တူဂီသားကတော့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

၃။ မန်ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းတဦးဖြစ်သူ ဒေးဗစ်မွိုက်စ်ကတော့ လိဂ်ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးအသင်းရဲ့ နည်းပြသစ်အဖြစ် ဆောင်ရွက်ဖို့ နီးစပ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

၄။ မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ဘရာဟင်ဒိုင်ယက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းထံ ရောင်းချခဲ့ရာမှာ အကယ်၍ ကစားသမားကို မက်ဒရစ်သာ မန်ယူနိုက်တက်ဆီ ပြန်ရောင်းခဲ့ရင် ရရှိတဲ့ပြောင်းရွှေ့ကြေးရဲ့ (၄၀)ရာခိုင်နှုန်းအထိ ပေးရမယ်ဆိုတဲ့အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

၅။ နည်းပြဆိုးရှားအနေနဲ့ ဖီအိုရင်တီးနားအသင်းရဲ့ နောက်ခံလူ မီလင်ကိုဗစ်ကို ပေါင် (၄၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် အမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့ သိရပါတယ်။

၆။ လတ်တလောမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူပြီး နိုင်ပွဲတွေဆက်နေခဲ့ပေမယ့်လည်း နည်းပြဆိုးရှားကတော့ စပါးအသင်းကို ရင်ဆိုင်ဖို့အတွက် မန်ယူနိုက်တက်အနေနဲ့ ဒီထက်ပိုပြီး တိုးတက်မှုရှိဖို့ လိုအပ်နေသေးတယ်လို့ ဆိုခဲ့ပါတယ်။

Comments are closed.