ဗိုလ်ချုပ်အောင်ဆန်းရဲ့ တက္ကသိုလ်ေ ကျာင်းသားဘဝ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တဲ့ မြင်ကွင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တက္ကသိုလ်ေ ကျာင်းသားဘဝ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တဲ့ မြင်ကွင်း

ပရိသတ်တွေ နှစ်ပေါင်းများစွာ စောင့်မျှော်နေကြတဲ့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ကတော့ အခုဆိုရင် စတင်ပုံဖော်နေပြီပဲ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ လူမင်းက ဦးဆောင်ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ သရုပ်ဆောင်သစ်များစွာက သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ (၃၀) ရက်နေ့က စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃)ရက်နေ့မှာတော့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း ဒုတိယနေ့ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း ဒုတိယနေ့ကို ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တက္ကသိုလ်ကျောင်းသားဘဝ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်က မြင်ကွင်းတွေကို မျှဝေလိုက်ပါတယ်နော်။

အောင်ဆန်းရုပ်ရှင်ကို ရန်ကုန်၊ မန္တလေးနဲ့နတ်မောက်မြို့တွေက သမိုင်းဝင်နေရာတွေမှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ရန်ကုန်မြို့ရှိ အမျိူးသားပြတိုက်က သီဟာသနပလ္လင်အပါအဝင် မန္တလေးရှိ မြနန်းစံကျော်ရွှေနန်းတော်၊ အင်းဝရှိ ဆင်ကျုံးခံတပ်၊ ဗားဂရာကျောင်း၊ မယ်နုအုတ်ေ ကျာင်းနဲ့ နတ်မောက်မြို့က ဗိုလ်ချုပ်နေအိမ်တွေမှာ ရိုက်ကူးသွားမှာ ဖြစ်မယ်လို့ သိရပါတယ်။

ဒါရိုက်တာ လူမင်းနဲ့တကွ “အောင်ဆန်း” ရုပ်ရှင်အဖွဲ့သားတစ်ခုလုံးက တက်ညီလက်ညီနဲ့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် ကြည့်ရှုအားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source: “အောင်ဆန်း” ရုပ်ရှင်
Photo: မိုးညို

Comments are closed.