ဖွေးဖွေးရဲ့မိဘတွေဆီ သီတင်းကျွတ် သွားကန်တော့ခဲ့တဲ့ ဝတ်မှုံရွှေရည်

ဖွေးဖွေးရဲ့မိဘတွေဆီ သီတင်းကျွတ် သွားကန်တော့ခဲ့တဲ့ ဝတ်မှုံရွှေရည်

ဒိတ်ဒိတ်ကြဲ မင်းသမီးနှစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့က တစ်ရက်ကြီး ညီ အစ်မတစ်ဝမ်းကွဲတွေပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မကို ပရိသတ်တွေက စိတ်ဝင်စားကြတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ကလည်း အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း မအားမ လပ်ေ အာင် ရှိနေကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမရဲ့ မိသားစုတွေနဲ့အတူတူ ဖွေးဖွေးရဲ့ နေအိမ်ကိုသွားရောက်ြ ပီး ဖွေးရဲ့ ဖေဖေနဲ့ မေမေကို သီတင်းကျွတ် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

ချစ်တူမလေး ဝတ်မှုံရွှေရည်တို့ အိမ်ရောက်လာလို့ ပျော်နေတဲ့ ဖွေးရဲ့ ဖေဖေကတော့ “ကျွန်တော့်ရဲ့ညီတော်မောင်နဲ့ ချစ်တူမကစ်ကစ်၊ ကေးကေးတို့မိသားစု သီတင်းကျွတ်လာ ကန်တာ့ကြတယ်ပေါ့” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ မျှဝေထားပါတယ်။

ဖွေးဖွေးရဲ့ ဖေဖေနဲ့ ဝတ်မှုံရွှေရည်ရဲ့ ဖေဖေက ညီအစ်ကိုအရင်းတွေဖြစ်ပြီး ဖွေးဖွေးနဲ့ ဝတ်မှုံရွှေ ရည် ကတော့ တစ်ရက်ပဲကွာတဲ့ ညီအစ်မ တစ်ဝမ်းကွဲတွေ ဖြစ်ကြပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မကတော့ အလုပ်တွေကိုယ်စီကြောင့် မတွေ့ဖြစ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားကြတဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ်။ ပရိ သတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ မိသားစုလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Rowena
Source: Phway Father’s fb, Rerefernce& Credit:momolay.com

Comments are closed.