နန်းတွင်းပျိုဖြူလေးတစ်ယောက်လို နန်းဆန်စွာ ကျက်သရေရှိနေတဲ့ သင်ဇာဝင့်ကျော်

နန်းတွင်းပျိုဖြူလေးတစ်ယောက်လို နန်းဆန်စွာ ကျက်သရေရှိနေတဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကမှာ နှစ်ပေါင်းအတော် ကြာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူလေး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လူလေးလှရုံသာ မက အဝတ်အစား ဖက်ရှင်နေရာမှာလည်း သူများနဲ့မတူ ဆန်းပြားလွန်းတာကြောင့် ပရိသတ်ေ တွက စက္ကန့်နဲ့အမျှ စောင့်ကြည့်နေရတဲ့ မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ် အခိုင်အမာနဲ့ ထိပ်ဆုံးက ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ ရုပ်ရှင်၊ ကြော်ငြာတွေ ရိုက်ကူးတာထက် ပွဲအခမ်းအနားဖွင့် ပွဲတွေမှာသာ များစွာတွေ့မြင်ရတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က မနေ့က အောက်တိုဘာလ (၃) ရက်နေ့ကလည်း ပွဲအခမ်းအနားတစ်ခုကို နန်းဆန်ဆန်လေးဝတ်ပြီး တက်ရောက်လာ တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က Golden Image မြန်မာမှုပန်းပုပြခန်း ဖွင့်ပွဲ အခမ်းအနားမှာ နန်းတွင်းပျိုြ ဖူလေးတစ်ယောက်လို ထိုင်မသိမ်းဝတ်စုံလေး ဝတ်ပြီး ပွဲတက်လာလို့ မြင်သူတိုင်း ငေးမောရေ လာက်အောင် ဖြစ်ခဲ့ပါတယ်။

အမြဲတမ်းလိုလို Sexy ကျကျနဲ့ ပွဲအခမ်းအနားတွေမှာ မြင်ရလေ့ရှိတဲ့ သင်ဇာဝင့်ကျော်ကို အခုလို မြန်မာ့ရိုးရှာ ထိုင်မသိမ်းဝတ်စုံလေးနဲ့ တွေ့မြင်ရလို့ ပရိသတ်တွေ တော်တော်လေး သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က ပွဲအခမ်းအနားတွေကို တက်ရောက်ဖွင့်လှစ်ပေးနေပြီး မကြာခင်မှာတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်တဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်း သမီး အဖြစ် ဦးဆောင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ မြင်သူတိုင်း ရင်အေးစေမယ့် နန်းဆန်ဆန် ဝတ်စုံလေးနဲ့ အလှဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်တွေကို သဘောကျ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thin Zar Wint Kyaw’s fb
Photo: Nay Min Tun , Reference& Credit:momolay.com

Comments are closed.