


ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကို ချစ်သမီးလေး ရွှန်းရတီခိုင်ကို အလည်ခေါ်သွားရင်း သူမရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အခုလိုပဲ မျှဝေပြောပြထားပါတယ်။

“အလှူကနေအိမ်အပြန် သမီးလေး ခေါ်ပြီး သူ့မောင်လေး၊ ညီမလေးတွေဆီ လိုက်ပို့ပေးတာ သမီးလေးက အငယ်လေးတွေ အများကြီးနဲ့ပျော်ပြီး ဆော့နေတာ အိပ်တောင်မအိပ်ဘူး”

“မိဘဆိုတော့ သားသမီးတွေအချင်းချင်း အဆင်ပြေနေရင်ကို ပျော်နေရတာလေ။ သားတွေသမီးတွေ အသက်ကြီးတဲ့ထိ ချစ်ချစ်ခင်ခင်နဲ့ နေသွားဖို့လည်း အမြဲ ဆုတောင်းတယ် 🙏🏻🙏🏻🙏🏻 ကြည့်ပါဦး ကျွန်မ ဘဝကြီး ဘယ်လောက် စိုပြေနေလိုက်လဲရှင်။” ဆိုပြီး ပီတိတွေနဲ့ ပြောပြထားပါတယ်။

ရွှန်းရတီခိုင်လေးကတော့ မောင်လေး၊ ညီမလေးတွေနဲ့ တော်တော်လေး ပျော်နေပုံပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး နွေးထွေးတဲ့မေတ္တာတွေ လွှမ်းခြုံထားတဲ့ ခိုင်နှင်းဝေတို့ မိသားစုလေးကို ကြည့်ပြီး ကြည်နူးနေမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Khine Hnin Wai’s fb, Reference& Credit:momolay.com

Comments are closed.