Rose Quartz အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အေဂျင်စီမှ ထုတ်ပြန်ကြေညာ

Rose Quartz အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အေဂျင်စီမှ ထုတ်ပြန်ကြေညာ

လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်တုန်းက မြန်မာပရိသတ်တွေရဲ့အကြားမှာ လူကြိုက်များခဲ့တဲ့ Rose Quartz အဖွဲ့ဟာ အခုဆိုရင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကို အဖွဲ့ရဲ့အေဂျင်စီဖြစ်တဲ့ JBJ Entertainment က ဒီနေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေ ညာခဲ့ ပါတယ်။ JBJ Entertainment ဖျက်သိမ်းရတဲ့အကြောင်းအရင်းနဲ့ အဖွဲ့ဝင်တွေရဲ့ ရှေ့ဆက်မယ့်အစီအစဉ်ကိုပါ တစ်ပါတည်းကြေညာထားခဲ့တာ ဖြစ်ပါတယ်။


အဖွဲ့မှာပါဝင်ကြတဲ့အဖွဲ့ဝင်တွေကတော့ Sungshin, Earn, Eing, Cindy နဲ့ Naychi တို့ ဖြစ်ကြကာ Sungshin ကတော့ တောင်ကိုရီးယားနိုင်ငံကဖြစ်ပြီး Earn နဲ့ Eing တို့ကတော့ ထိုင်းနိုင်ငံကဖြစ်ပါတယ်။ Cindy နဲ့ Naychi တို့ ၂ ယောက်ကတော့ မြန်မာနိုင်ငံမှ ဖြစ်ကြပါတယ်။


အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ဆက်လက်လှုပ်ရှားမယ့် အခြေအနေဆိုရင်တော့ Cindy နဲ့ Naychi တို့ ၂ ယောက်ဟာ JBJ ရဲ့ လက်အောက်ကနေပဲ တစ်ကိုယ်တော်လှုပ်ရှားမှုတွေ အဖြစ်ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပြီး Sungshin ကတော့ ကျန်းမာရေးအခြေအနေကြောင့် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မိသားစုနဲ့အတူ ခဏပြန်နေမှာဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

Realize, Ra Pa Pam Pam, 3, 2, 1! အစရှိတဲ့ သီချင်း ၃ ပုဒ်နဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့ကြတဲ့ Rose Quartz ကို ဖျက်သိမ်းလိုက်ပြီဆိုပေမယ့်လည်း ပရိသတ်တွေကတော့ အဖွဲ့ဝင် ၁ယောက်ချင်းစီကို ဆက်လက်ပြီးချစ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ်။

Source : JBJ Entertainment
Mia (Momolay) , Reference& Credit;momolay.com

Comments are closed.