ထီ (၅) သောင်းဆု ကံထူးတာ (၅) ကြိမ်တိတိ ရှိပြီဆိုတဲ့ ကိုပေါက်

ထီ (၅) သောင်းဆု ကံထူးတာ (၅) ကြိမ်တိတိ ရှိပြီဆိုတဲ့ ကိုပေါက်

သရုပ်ဆောင်တစ်ဦးအနေနဲ့ သဘာဝကျပြီး ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို အပြည့်အဝရရှိထားတဲ့ ကိုပေါက်ကတော့ ဒါရိုက်တာတစ် ဦးအနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ အရမ်းကို ကံကောင်း တတ်တဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ လတ်တလောမှာလည်း ထီ (၅) သောင်းဆု ကံထူးတာ ၅ကြိမ်တိတိ ရှိပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပုံမှန်လူတွေ (၅) သောင်းတောင် ကံထူးဖို့တောင် ခက်ခဲလွန်းပေမယ့် ကိုပေါက်ကတော့ (၅) သောင်းဆု (၅)ခါတိတိ ပေါက်ခဲ့တာမို့ တော်တော်လေး ကံကောင်းသူတစ်ဦးဆိုလည်း မမှားပါဘူး။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကံကောင်းလွန်းတဲ့ သရုပ်ေ ဆာင် ဒါရိုက်တာ ကိုပေါက်ရဲ့ကံထူးမှုအကြောင်းကို ဖော်ပြပေးလိုက်ပါ တယ်နော်။


ဒါရိုက်တာ ကိုပေါက်ကတော့ ဒါရိုက်တာအလုပ်ကို သေသေချာချာလေး လေ့လာသင်ယူနေပြီး၊ ရုပ်ရှင်ဇာတ်ကားကောင်းတွေများစွာကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ကိုပေါက်က တလောကလည်း “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကံကောင်းလွန်းတဲ့ ဒါရိုက်တာ ကိုပေါက်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Aung Min Naing’s Facebook, Reference & Credit:momolay.com

Comments are closed.