ကြည်လင်းကို ရန်ကုန်အသင်း ပြန်လည်ခေါ်ယူ စာချုပ်

ကြည်လင်းကို ရန်ကုန်အသင်း ပြန်လည်ခေါ်ယူ စာချုပ်

ဇွဲကပင်အသင်းကို ရောင်းချခဲ့ပေမယ့်ဘောလုံးရာသီတစ်ခုအပြီးမှာပဲ တိုးတက်လာတဲ့ ခြေစွမ်းတွေကြောင့် ရန် ကုန်အသင်းရဲ့ ပြန်လည်ခေါ်ယူခြင်းကိုခံခဲ့ရသူပါ။

ပြီးခဲ့တဲ့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီဒု-ကျော့မှာ ဇွဲကပင်အသင်းထံ ရောင်းချခဲ့တဲ့ ကစားသမားဟောင်း ကြည်လင်းကို ရန်ကုန်အသင်းက တစ်နှစ်စာချုပ်နဲ့ ပြန်ခေါ်လိုက်ပြီလို့ အသင်းရဲ့ တရားဝင် လူမှုစာမျက်နှာကနေ ဖော်ပြလာပါတယ်။

ကြည်လင်းကတော့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီမှာ ဇွဲကပင်အသင်းနဲ့ အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့မှုကြောင့် မြန်မာ့လက်ရွေးစင်အသင်းမှာပင် ပြန်လည်ရွေးချယ်ခံလာခဲ့ရသူပါ။

ဒါကြောင့်လည်း ရန်ကုန်အသင်းက သူတို့ရဲ့ ကာလရှည် ကစားသမားဟောင်းကြည်လင်းကို အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

“ ရန်ကုန်နဲ့ ပြန်လက်တွဲခွင့်ရလို့ အရမ်းပျော်ပါတယ်။ အကောင်းပေးမယ်လို့ ကတိပေးနိုင်ပါတယ်။ လာမယ့် ပွဲတွေအတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာလည်း ကောင်းကောင်း သိရှိထားလို့ သေချာပြင်ဆင်ပါ့မယ်။” လို့ ကြည်လင်းက ရန်ကုန်အသင်း မီဒီယာကို ပြောသွားပါတယ်။

ကြည်လင်းကတော့ မြန်မာနေရှင်နယ်လိဂ် စတင်ချိန်ကတည်းက ရန်ကုန်အသင်းမှာ ကစားလာခဲ့သူဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းကို သက်တမ်းလိုက်ကနေ စီနီယာအသင်း ထိ ပါဝင်နိုင်ခဲ့သူပါ။

၂၀၁၆ နောက်ပိုင်းမှာတော့ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းနဲ့ ၂ နှစ်လောက် အဆက်ပြတ်ခဲ့ပြီး လက်ရှိမှာ တော့ ၂၀၂၃ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်နဲ့ ကစားမယ့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးးချယ်ခြင်း ခံထားရပါတယ်။

ရန်ကုန်အသင်းကလည်း ဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ချန်ပီယံ ဖြစ်ခဲ့လို့ လာမယ့် ၂၀၂၀ အာရှဖလား ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရထားပါတယ်။

Comments are closed.