နေမကောင်းဖြစ်နေတဲ့ သမီးအတွက်​ သိန်း (၄၀) ​ကျော်​တန် ​အိတ်​လက်​​ဆောင်​​ပေးခဲ့​​တဲ့နေခြည်​ဦးဖခင်

နေမကောင်းဖြစ်နေတဲ့ သမီးအတွက်​ သိန်း (၄၀) ​ကျော်​တန် ​အိတ်​လက်​​ဆောင်​​ပေးခဲ့​​တဲ့နေခြည်​ဦးဖခင်





Credit-Momolay

[UNICODE FONT]

ရုပ်ရှင်နှင့် သရုပ်ဆောင် နေခြည်ဦးဟာ အနုပညာသက်တမ်းအနုဆုံးနဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ပါ။ သူမရဲ့ သူများနဲ့မတူတဲ့ ပါရမီထူးချွန်မှုနဲ့ အရည်အချင်းတွေကြောင့် ခဏတာအတွင်း အောင်မြင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက beauty blogger အဖြစ် လူမှုကွန်ယက်မှာ နာမည်ကြီးလာပြီးမှ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

နေခြည်ဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေရတာကြောင့် မနားမနေဖြစ်နေရပါတယ်။ အလုပ်တွေဆက်တိုက်လုပ်နေရတာကြောင့် နေထိုင်မကောင်းဖြစ်နေတဲ့ နေခြည်ဦးအတွက် သူမရဲ့ဖခင်က ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ပါတယ်။

နေခြည်ဦးရဲ့ ဖခင်ဟာ သူ့ရဲ့သမီးဦးလေးအတွက် ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Dior မှ အိမ်လှလှလေးတစ်လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။ ထိုအိတ်လေးက Dior ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်းလေးဖြစ်ပြီး မြန်မာငွေ သိန်း(၄၀)ကျော် တန်ဖိုးရှိပါတယ်။

ဖခင်ရဲ့စေတနာမေတ္တာအပြည့်နဲ့ လက်ခံရရှိတဲ့ လက်ဆောင်လေးအတွက် ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ နေခြည်ဦး ပရိသတ်ကြီးလဲ နေခြည်ဦးနဲ့ သူမရဲ့ဖခင်တို့ကြားက ချစ်ခြင်းမေတ္တာတွေကို ခံစားသိရှိနိုင်မယ်ထင်ပါတယ်။ ဖေချစ်သမီးလေးတစ်ယောက် ဖြစ်ခွင့်ရတဲ့ နေခြည်ဦးရဲ့ ဘဝလေးက ပျော်စရာကြီးနော်။ ပရိသတ်ကြီးလဲ မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့ မိသားစုဘဝလေးကို ကိုယ်စီကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit-Momolay

Comments are closed.