ကစားစရာကင်မရာလေးနဲ့ ဓာတ်ပုံလာရိုက်တဲ့ ကလေးလေးကို အချစ်ပိုခဲ့ရတဲ့ သင်ဇာဝင့်ကျော်

ကစားစရာကင်မရာလေးနဲ့ ဓာတ်ပုံလာရိုက်တဲ့ ကလေးလေးကို အချစ်ပိုခဲ့ရတဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော် မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ ဆယ်စုနှစ်တစ်စုကျော်စာ အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားပြီး အနုပညာလောကရဲ့ အအောင်မြင်ဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှား မှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်တဲ့ “မြ” ရုပ်ရှင်ဇာတ် ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ ရိုက်ကွင်းကို လာကြည့်တဲ့ ပရိသတ်ကလေးလေးတစ်ယောက်ရဲ့ အပြုအမူကြောင့် သနားပြီး ချစ်ခဲ့ရတာကို တွေ့ရပါတယ်။

ကလေးလေးတစ်ယောက်က သင်ဇာဝင့်ကျော်ကို တွေ့တော့ သူ့ရဲ့ ကစားစရာ ကင်မရာလေး ကို ထုတ်ပြီး ဓာတ်ပုံရိုက်တဲ့ ပုံစံလုပ်ပြခဲ့တာကြောင့် သင်ဇာဝင့်ကျော်တစ်ယောက် အသည်း ယား ခဲ့ရတာပဲ ဖြစ်ပါတယ်။

ကလေးလေးက ချစ်စရာလေးနော် ❤️

သင်ဇာဝင့်ကျော်ကတော့ အပျိုကြီးပီပီ ကလေးတွေကို ကြင်နာသနားတတ်တဲ့သူပဲ ဖြစ်ပါတ ယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါ တယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင် ရှိပါတယ်။

Rowena , MOMOLAY.com
Source: Thinzar Wint Kyaw’s ig

Comments are closed.