မုန်းတီးသူတွေတောင် လေးစားအတု ယူရမယ့် မက်ဆီရဲ့မေတ္တာဓာတ်ြ ပည့်ဝလွန်းတဲ့အချက် (၄) ချက်

မုန်းတီးသူတွေတောင် လေးစားအတု ယူရမယ့် မက်ဆီရဲ့မေတ္တာဓာတ်ြ ပည့်ဝလွန်းတဲ့အချက် (၄) ချက်

မက်ဆီဆိုတာ ကွင်းတွင်းမှာပဲ ပါရမီရှင်တစ်ဦးမဟုတ်ဘဲ ကွင်းပြင်ပမှာလည်း လောကအတွက် လိုအပ်နေတဲ့ မေတ္တာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ ပြည့်ဝလွန်းတဲ့ မေတ္တာစိတ်၊ အနစ်နာခံ စိတ်ေ တွဟာ တကယ့်ကိုလေးစားချီးကျုးချင်စရာပါ။ ဒါကြောင့် မုန်တီးသူတွေတောင် လေးစားရမယ့် မက်ဆီရဲ့မေတ္တာတရားပြည့်ဝလွန်းတဲ့လုပ်ရပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

ပင်နယ်တီအား ငြင်းဆန်ခဲ့ခြင်း

အခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မက်ဆီရဲ့လေးစားဖွယ်ရာ အပြုအမှုကို အားလုံးမေ့ကြဦး မယ်မထင်ပါဘူး။ ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ ဖြစ်ပွားသွားခဲ့တာပါ။ အဲဒီပွဲစဉ်မှာ မက်ဆီဟာ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပါတယ်။ မက်ဆီဟာ လဲကျသွား ခဲ့ပြီး ဒိုင်လူကြီး က ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီက အဲဒီဖြစ်ရပ် က ပြစ်ဒဏ်ဘောမဟုတ်ကြောင်း ငြင်းဆန်ပြီး ဒိုင်လူကြီးပေးတဲ့ ပင်နယ်တီ ပြစ်ဒဏ်ကို ငြင်း ဆန်သွားခဲ့ပါတယ်။ တကယ့်လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လို့ ဆိုရမှာပါ။

မက်ဆီရဲ့စာနာစိတ်

၂၀၁၅ ခုနှစ်အတွင်း ဘာစီလိုနာနဲ့ ရိုးမားတို့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က မက်ဆီရဲ့လေးစားဖွယ်စိတ်ဓာတ်တစ်ခုအကြောင်းကိုလည်း ပြောပြချင်ပါတယ်။ ဆွာရက်ဇ်ဂိုး သွင်းတဲ့အချိန်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အရာပါ။ ဆွာရက်ဇ်ဂိုးသွင်းတဲ့အချိန်မှာ ဘာစီလိုနာကစား သမားတွေဟာ အောင်ပွဲခံနေခဲ့ပါတယ်။

FC Barcelona’s Neymar, left, lies in the pitch after the crowd threw objects with his teammate Lionel Messi during the Spanish La Liga soccer match between Valencia and FC Barcelona at the Mestalla stadium in Valencia, Spain, Saturday, Oct. 22, 2016. (AP Photo/Manu Fernandez) ORG XMIT: MF122

ဒါပေမယ့် အဲဒီအောင်ပွဲခံတဲ့အထဲမှာ မက်ဆီမပါခဲ့ပါဘူး။ မက်ဆီဟာ အသင်းဖော်တွေနဲ့ အောင်ပွဲခံမယ့်အစား ဒဏ်ရာရနေတဲ့ ရိုးမားနောက်ခံလူနားကိုပဲ သွားခဲ့ပြီး သူ့ကိုနှစ်သိမ့်ပေး ခဲ့ပါတယ်။

အသင်းဖော်တွေအတွက် အနစ်နာခံလွန်းတဲ့ မက်ဆီ

၂၀၁၅ ခုနှစ်က နောက်ထပ်ဖြစ်ရပ်တစ်ခုကိုပဲ ထပ်ပြောပြချင်ပါတယ်။ အဲဒီနှစ်မှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ ပွဲစဉ်တစ်ပွဲမှာ ဘာစီလိုနာအသင်းဟာ နေမာကြောင့် ပင်နယ်တီရခဲ့တယ်။ အဲဒီအချိန်မှာ မက်ဆီကိုယ်တိုင်က လည်း (၂) နှစ်သွင်းယူပြီးပြီ။

ဒါပေမယ့် ဟက်ထရစ်ဖြစ်စေမယ့် အခွင့်အရေးကို ဂရုမစိုက်ဘဲ၊ စီရော်နယ်ဒိုအပေါ်အ သာစီးရယူနိုင်မယ့်ဂိုးကို အလေးအနက်မထားဘဲ မက်ဆီက အဲဒီပင်နယ်တီကို နေမာကို ပေးကန်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်အခွင့်အရေးကို ပြိုင်ဘက်ကို ပေးလိုက်တာက မက်ဆီအတွက် ထူးဆန်းတဲ့အရာမဟုတ်ဘဲ အရင်ကရော၊ လက်ရှိအထိရော ခဏခဏပြုမှုနေတဲ့အရာပဲဖြစ်ပါတယ်။

မေတ္တာဓာတ်ပြည့်ဝလွန်းတဲ့မက်ဆီ

ဘာစီလိုနာနဲ့ ဥရုဂွေးအသင်းတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ၂၀၁၇ ခုနှစ် အတွင်းမှာ ယှဉ်ပြိုင်ကစားရပါတယ်။ ဟိုတယ်ကိုလာရာမှာ ကလေးငယ်တစ်ယောက်က မက်ဆီကိုတွေ့ချင်လွန်းပြီး အတင်းပြေးဝင် လာခဲ့ပါတယ်။ လုံခြုံရေးတွေက ဆွဲဖယ်ထုတ် သွားပေမယ့် မက်ဆီက အဲဒီဖြစ်ရပ်ကို သတိထားမိသွားပါတယ်။ ဒါကြောင့် မက်ဆီဟာ အဲဒီကလေးငယ်နဲ့အတူ ဓာတ်ပုံရိုက်ပေးခဲ့ပြီး အမှတ်တရ လက်မှတ်ပါရေးထိုးပေးခဲ့ပါတယ်။

Ref Oh My Goal
Oz11(မိုမိုလေး), Reference& Credit:momolay.com

Comments are closed.