
ခ်ိစ္အရသာကဲထားသည့္ ေျပာင္းဖူး အာလူးလံုးျပဳလုပ္နည္း
အားလံုးပဲ မဂၤလာပါ။ အစားအေသာက္ခံုမင္တဲ့ Foodies ေလးေတြအတြက္ ဒီတစ္ခါေျပာျပေပးခ်င္တဲ့ ခ်က္ျပဳတ္နည္းေလးကေတာ့ ခ်ိစ္အရသာကဲထားၿပီး ေျပာင္းဖူးေလးေတြ ထည့္ေၾကာ္ထားတဲ့ အာလူးလံုးျပဳလုပ္နည္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။ ပိတ္ရက္ေလးမွာ သူငယ္ခ်င္း၊ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ လြယ္လြယ္ကူကူလုပ္စားလို႔ရမယ့္ အာလူးလံုးျပဳလုပ္နည္းေလးကို အတူတူေလ့လာၾကည့္လိုက္ရေအာင္ေနာ္။
ပါဝင္ပစၥည္းမ်ား
- အာလူး အလံုး ခပ္ႀကီးႀကီး ၅ လံုး

- ေျပာင္းဖူး ၁၀၀ ဂရမ္
- ဒိန္ခဲ ၄ တံုးခန္႔
- ခ်င္း အတံုးေသး ၂ တံုး

- ၾကက္သြန္ၿမိတ္ ၄ ေခ်ာင္း (သို႔) ၅ ေခ်ာင္းခန္႔
- င႐ုတ္ေကာင္းမုန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္ခန္႔
- ဂ်ံဳမုန္႔ ပန္းကန္လံုး ၃ လံုး
- ဆားအနည္းငယ္
- ဆီ

ေျပာင္းဖူးမ်ားကို ျပဳတ္ၿပီးေနာက္ ေရေအးထဲမွာ စိတ္ထားလိုက္ပါ။ ထို႔ေနာက္ ေျပာင္းဖူးေစ့မ်ားကို ေခြ်ထားလိုက္ပါ။

အာလူးမ်ားကိုလည္း ျပဳတ္ၿပီးေနာက္ အခြံခြာလိုက္ပါ။ အာလူးမ်ား ပူေနတုန္းမွာပဲ ခက္ရင္းနဲ႔ အာလူးမ်ားကို ေခ်လိုက္ပါ။

ေခြ်ထားေသာ ေျပာင္းဖူး၊ ပါးပါးလွီးထားေသာ ဒိန္ခဲ၊ ခ်င္း၊ ၾကက္သြန္ၿမိတ္ႏွင့္ ဆား၊ င႐ုတ္ေကာင္းတို႔ကို ေခ်ထားေသာ အာလူးနဲ႔ ေရာနယ္လိုက္ပါ။ ထို႔ေနာက္ အေနေတာ္အလံုးမ်ား လံုးလိုက္ပါ။ ၿပီးရင္ ဂ်ံဳအႏွစ္ထဲ ထည့္ႏွစ္လိုက္ၿပီး ဆီပူထဲမွာ ေရႊေရာင္သမ္းလာတဲ့အထိ ေၾကာ္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အာလူးႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ခ်ိစ္အရသာေလး ပါဝင္တဲ့ ေျပာင္းဖူး အာလူးေၾကာ္လံုးေလးကို ရ႐ွိသြားပါလိမ့္မယ္။
Source: www.hungryforever.com
[UNICODE FONT]
အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်ခုံမင်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါပြောပြပေးချင်တဲ့ ချက်ပြုတ်နည်းလေးကတော့ ချိစ်အရသာကဲထားပြီး ပြောင်းဖူးလေးတွေ ထည့်ကြော်ထားတဲ့ အာလူးလုံးပြုလုပ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ပိတ်ရက်လေးမှာ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် အာလူးလုံးပြုလုပ်နည်းလေးကို အတူတူလေ့လာကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
- အာလူး အလုံး ခပ်ကြီးကြီး ၅ လုံး

- ပြောင်းဖူး ၁၀၀ ဂရမ်
- ဒိန်ခဲ ၄ တုံးခန့်
- ချင်း အတုံးသေး ၂ တုံး

- ကြက်သွန်မြိတ် ၄ ချောင်း (သို့) ၅ ချောင်းခန့်
- ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
- ဂျုံမုန့် ပန်းကန်လုံး ၃ လုံး
- ဆားအနည်းငယ်
- ဆီ

ပြောင်းဖူးများကို ပြုတ်ပြီးနောက် ရေအေးထဲမှာ စိတ်ထားလိုက်ပါ။ ထို့နောက် ပြောင်းဖူးစေ့များကို ချွေထားလိုက်ပါ။

အာလူးများကိုလည်း ပြုတ်ပြီးနောက် အခွံခွာလိုက်ပါ။ အာလူးများ ပူနေတုန်းမှာပဲ ခက်ရင်းနဲ့ အာလူးများကို ချေလိုက်ပါ။

ချွေထားသော ပြောင်းဖူး၊ ပါးပါးလှီးထားသော ဒိန်ခဲ၊ ချင်း၊ ကြက်သွန်မြိတ်နှင့် ဆား၊ ငရုတ်ကောင်းတို့ကို ချေထားသော အာလူးနဲ့ ရောနယ်လိုက်ပါ။ ထို့နောက် အနေတော်အလုံးများ လုံးလိုက်ပါ။ ပြီးရင် ဂျုံအနှစ်ထဲ ထည့်နှစ်လိုက်ပြီး ဆီပူထဲမှာ ရွှေရောင်သမ်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အာလူးကြိုက်နှစ်သက်သူများအတွက် ချိစ်အရသာလေး ပါဝင်တဲ့ ပြောင်းဖူး အာလူးကြော်လုံးလေးကို ရရှိသွားပါလိမ့်မယ်။
Source: www.hungryforever.com