ချစ်စရာကောင်းတဲ့ သတို့သမီးလေး တစ်ဦးအသွင်နဲ့ တွေ့မြင်ရတဲ့ ခင်ဝင့် ဝါ

ချစ်စရာကောင်းတဲ့ သတို့သမီးလေး တစ်ဦးအသွင်နဲ့ တွေ့မြင်ရတဲ့ ခင်ဝင့် ဝါ

ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားလို့ ပရိသတ်တွေက ခေးလို့ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါဟာဆိုရင် သရုပ်ဆောင်အလုပ်ကိုပိုင်ပိုင်နိုင်နိုင်နဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့ သူမက လူငယ်ဆန်ဆန်ဝတ်လိုက်ရင်လည်း ဆွဲဆောင်မှုရှိနေသူလေးပါ။ လတ်တလောမှာတော့ ခင်ဝင့်ဝါက Photo Shooting အတွက် သတို့သမီးလေးလို ပြင်ဆင်ထားတဲ့ သူမရဲ့ပုံရိပ် တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကြွေရုပ်လေးတစ်ရုပ်လို လှနေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးရဲ့ ပရိသတ်တွေအတွက် သတို့သမီးဝတ်စုံလေးနဲ့ အရမ်းကို လှရက်လွန်းတဲ့ ခင်ဝင့်ဝါရဲ့ ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

ခင်ဝင့်ဝါကတော့ “DIOR wedding ဆိုင် အတွက် မိတ်ကပ်နဲ့ ဆံပင်လှလှလေး ပြင်ပေး တာက ချစ်ရသော မထက် (pop soul) လက်ဝတ်ရတနာ လှလှလေးတွေက စိန်နန်းတော်” ဆိုပြီး သူမရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထာတာပါ။ ပရိသတ်တွေက ခေးလို့ ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လှရက်လွန်းသူလေးဆိုလည်း မမှားပါဘူးနော်။

ဘယ်အချိန်ကြည့်ကြည့် အေးချမ်းတည်ငြိမ်တဲ့ သူမရဲ့ အလှတရား…

ရုပ်လေးလှသလို သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းထူးချွန်တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လတ်တလောမှာ ရုပ်ရှင်တွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရင်အေးစေတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Khin Wint War’s Facebook, Ref&Crd:momolay.com

Comments are closed.