မွန်ပြည်နယ်မှာ ဆောင်းဘောက် သံများကို ဆူညံစွာဖွင့်လှစ်ခြင်း မပြုရန် ပြည်နယ်အစိုးရညွှန်ကြား

မွန်ပြည်နယ်မှာ ဆောင်းဘောက် သံများကို ဆူညံစွာဖွင့်လှစ်ခြင်း မပြုရန် ပြည်နယ်အစိုးရညွှန်ကြား

အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကိုယ့်ရပ်ကွက်ထဲမှာ ဆောင်းဘောက်သံကျယ်လောင်စွာ ဖွင့်လှစ်ခြင်းတွေကို မထိန်းချုပ်နိုင်ပါက အုပ်ချုပ်ရေးမှူးတွေကိုပါအရေးယူမယ်လို့ လွှတ်တော်အစည်းအဝေးမှာ နယ်လုံဝန်ကြီးကပြောကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောပါတယ်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာတွေမှာ အလှူ၊ မင်္ဂလာဆောင်နဲ့ အလှူခံအဖွဲ့တွေအနေနဲ့ အသံချဲ့စက်နဲ့ ဆောင်းဘောက်သံများကို ပြည်သူလူထု နားမခံသာ အောင် ကျယ်လောင်စွာဖွင့်လှစ်ခြင်း မပြုလုပ်ရန် ပြည်နယ်အစိုးရက ညွှန်ကြားချက်ထု တ်ပြန်ထားတယ်လို့ မွန်ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးထံ မှသိရပါ တယ်။

“ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ဆောင်းဘောက်သံကျ ယ်လော င်စွာဖွင့်လှစ်ခြင်းက ရပ်၊ကျေး ဥပဒေထဲမှာပါတယ်။ နယ်၊လုံအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာပြောတာက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား ထားတယ်လို့တော့ပြောတယ်။ အခုကပွင့်လင်းရာသီရောက်လာတော့ မင်္ဂလာဆောင်တွေ ၊အလှူတွေ၊ ဘုရားပွဲတွေကလည်းရောက်လာတော့မှာ။ အခုကဘယ်လိုဖြစ်လဲဆိုတော့ လူတွေကတော်တော်ဆိုးဆိုးပဲဗျ။ ပွဲတစ်ခုလုပ်ပြီဆို ဆောင်းဘောက်တွေ( ၁၀)လုံး လော က်ထပ်ပြီး အကျယ်ကြီးတွေဖွင့်ကြတာ။ ခေတ်ကာလ ကလည်း တိုးတက်လာတော့ ပစ္စည်းတွေကလည်းကောင်းတယ်လေ။ (၁၀)လုံးလောက်က ထွက်လာတဲ့အသံကို ဘယ်သူကနားခံသာမှာလဲ။ အသံတွေကတဒုန်ဒုန်းနဲ့ နှလုံးရောဂါ ရှိတဲ့သူတွေ ဆိုသေနိုင် တယ်” လို့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက Duwun ကိုပြောပါတယ်။

ဆောင်းဘောက်တွေကို လုံးဝဖွင့်လှစ်ခွင့်မပေးတာမျိုးမဟုတ်ဘဲ သတ်မှတ်ထားတဲ့ အသံအနေအထားလောက်ဖွင့်လှစ်ဖို့ကိုတော့ ခွင့်ပြုထားပါတယ်။ အုပ်ချုပ်ရေးမှူး တွေအ နေနဲ့ ကိုယ့်ရပ်ကွက်ထဲမှာ ဆောင်းဘောက်သံကျယ်လောင်စွာဖွင့်လှစ်ခြင်းတွေကို မထိန်းချုပ်နိုင်ပါက အုပ်ချုပ်ရေးမှူးတွေကိုပါအရေးယူမယ်လို့ လွှတ်တော် အစည်းအဝေး မှာ နယ်လုံဝန်ကြီးကပြောကြောင်း ဦးဉာဏ်ဟိန်းကပြောပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမှူးတွေကိုပါ အရေးယူမယ်ဆိုရင် အုပ်ချူပ်ရေးမှူးတွေ တစ်ယောက်မှကျန်မှာတောင်မဟုတ်ဘူး။ အမှန်တော့ ဒါက ရပ်၊ကျေးဥပဒေထဲမှာ သာပါလို့ အုပ်ချုပ်ရေးမှူးတွေနဲ့ဆိုင်တယ်လို့သာပြောတာ။ သူတို့ထိန်းချုပ်နိုင်တဲ့ကိစ္စ လည်းမဟုတ်ဘူး။ အလှူမင်္ဂလာဆောင်မှာဖွင့်တာတွေက အများစုက မူးနေကြတာ။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သွားပြောလည်း ပြန်ပြီးရန်ပြုခံရမှာ။ အဲဒီတော့ ဒီကိစ္စက ရဲဘက်ဆိုင်ရာတွေကထိန်းချုပ်ရမယ့်ကိစ္စဖြစ်တယ်”လို့ ဦးဉာဏ်ဟိန်းကပြောပါတယ်။

ရပ်၊ကျေးဥပဒေအရ ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့ ကျယ်လောင်စွာအ သံတွေကိုပြုလုပ်ပါက ဒဏ်ကြေးငွေအဖြစ်(၅၀၀၀)သတ်မှတ် ထားတာကြောင့် ပြည်သူလူ ထုအနေနဲ့က (၅၀၀၀)ဆိုတော့မမှုဘဲ လုပ်ချင်တာလုပ်ပြီး ဒဏ်ကြေးဆောင်မယ်ဆိုတဲ့ ပုံစံတွေဖြစ်နေတာလို့ ဦးဉာဏ်ဟိန်းကပြောပါတယ်။

ဆောင်းဘောက်သံဆူညံစွာဖွင့်လှစ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူမှု တွေနဲ့ ဥပဒေသစ်တစ်ရပ်ရေးဆွဲဖို့ လိုတယ်လို့ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။ 

Comments are closed.