လှပကျော့ရှင်းတဲ့ ပေါင်တံသွယ် သွယ်လေးကို အသားပေးပြီး ရိုက်ကူးထားတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်များ

လှပကျော့ရှင်းတဲ့ ပေါင်တံသွယ် သွယ်လေးကို အသားပေးပြီး ရိုက်ကူးထားတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်များ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည် ဟာဆိုရင် ပရိသတ်ေ တွ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်မလေးတစ်ဦးပါ။ သူမ ကချောမောလှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ် အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဝတ်မှုံရွှေရည်ရဲ့ ရွှေနန်းတော်ရွှေဆိုင်ကြောငြာအတွက် ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်ကတော့ ဒီဇိုင်နာ ဖြိုးကိုရဲ့ အရမ်းလှတဲ့ အသားရောင်ဂါဝန်ဖားဖားကြီးနဲ့ အရမ်းကို လှနေတာပဲ ဖြစ်ပါတယ်။ ဝတ်စုံလေးက ဝတ်မှုံရွှေရည်ရဲ့ လှပတဲ့ ခန္ဒာကိုယ်လေးကိုသာမက သေးသွယ်ပြီး အဆီပိုမရှိတဲ့ သူမရဲ့အလှကို ပိုမိုထင်ရှားစေခဲ့တာ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ “တစ်ဦးတည်းသောကဣိယ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်နေသလို မကြာခင်မှာ “လိပ်ပြာစံအိမ် (၂)”၊ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးတို့ကိုလည်း ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဘယ်အချိန်ကြည့်ကြည့် အသက်(၃၀) ကျော်လို့ မထင်ရလောက်အောင် နုပျိုနေတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Phyo Thura Soe’s fb
Photo: Aung Kyaw Tun & Amazing Grave,Reference&Credit;momolay.com

Comments are closed.