အင်္ကျီဇစ်ပြုတ်တာကို မသိပဲ သခွားသီးသုတ်ပြမိတာကို ရှင်းပြလာတဲ့ ရှင်ယွန်းမြတ်

အင်္ကျီဇစ်ပြုတ်တာကို မသိပဲ သခွားသီးသုတ်ပြမိတာကို ရှင်းပြလာတဲ့ ရှင်ယွန်းမြတ်



သခွားသီးကို မမြင်ပဲ အဲလိုမျိုး ဖြစ်သွားတာက သက်သက်ကြီး လုပ်ပြသလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်၊ ကိုယ့်ရဲ့ ပေါ့ဆမှုပေါ့၊ နောက်ကို ဆင်ခြင်ပါ့မယ်လို့” ဆိုပါတယ်။






[UNICODE FONT]

မော်ဒယ်လ် သရုပ်ဆောင် ရှင်ယွန်းမြတ် ကတော့ အင်္ကျီဇစ်ပြုတ်တာ မသိဘဲ သခွားသီး သုပ်ပြမိတဲ့အကြောင်း ရှင်းပြ လာပါတယ်။

” ဒီရက်ပိုင်းမှာ ပရိသတ်ကို တောင်းပန်ချင်တယ်၊ အင်တာဗျူးတစ်ခုမှာ ရှင်ယွန်းက နည်းနည်းရှန်း တတ်တော့လေ၊ အကျီ ဇစ်ပြုတ်နေတာကို မသိလိုက်တာ ပေါ့နော်၊ ရှင်ယွန်း သုပ်ပြတာကတော့ သခွားသီးပေါ့

သခွားသီးကို မမြင်ပဲ အဲလိုမျိုး ဖြစ်သွားတာက သက်သက်ကြီး လုပ်ပြသလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်၊ ကိုယ့်ရဲ့ ပေ့ါဆမှုပေါ့၊ နောက်ကို ဆင်ခြင်ပါ့မယ်လို့” ဆိုပါတယ်။

သူမကတော့ ဇာတ်ကား ရိုက်ကူးမှုတွေ မျက်နှာမှာ Skinပတ်သက်ပြီး ပြဿနာ နည်းနည်း ရှိနေတာကြောင့် ရှုတင်တွေ ရှိတယ်ဆိုရင် မိတ်ကပ်တွေ လိမ်းပြီး မီးထိုးတဲ့ ဒဏ်ကိုတစ်နေကုန် မခံနိုင်ဘူး။

လောလော ဆယ် နားထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံရိုက်ရင်တော့ အဲ့လိုင်းဘက်သွားတာ ရှင်ယွန်းနဲ့ ပိုလိုက်တယ် လို့ ထင်တယ်။ Crue Type တွေနဲ့ကျတော့ ကိုယ်နဲ့ သိပ်အဆင်မပြေဘူး။

ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “ကိုယ့်ကို ချစ်တဲ့ ခင်တဲ့သူတွေ မျက်စိ မနောက်ရအောင် သူတို့ကြိုက်တဲ့ ပုံစံလေးတွေရော ၊ ဖက်ရှင်ရော လုပ်သွားဖို့ရှိပါတယ်၊ ရှင်ယွန်း နောက်ပိုင်းကျရင် ကိုယ့်ကိုချစ်တဲ့ သူတွေရဲ့အမြင်မှာ Cross ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုမျိုး ကိုလည်း အတတ်နိုင်ဆုံး ရှောင်ပါ့မယ်လို့၊

ဖက်ရှင် အရဝတ်တာတော့ ဝတ်မှာပေါ့နော် ၊ သီးသန့်ကြီး သက်သက်ကြီးတော့ အဲ့လိုမျိုးမလုပ်ပါဘူး။ အဲ့ဒါလေးကို တော့ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်၊ ရှင်ယွန်းက Sexy Model Lineဘက် ကိုသွားဖို့စိတ်ကူးမရှိဘူး၊ သရုပ်ဆောင်အနေနဲ့သာ သွားမှာဖြစ်တယ်”လို့ဆိုပါတယ်။

လတ်တလော ပွဲတက်ဖိတ်ထားတာတွေ တက်ဖြစ်မယ်၊ Cover Song လေးလုပ်ထားတာ အချောသပ်မယ်၊ Heavyတွေတော့ လုပ်လို့မရသေးဘူး၊ မျက်နှာက ဆေးခန်းပြနေရတာဆိုတော့ ကျန်းမာရေးလည်း ဂရုစိုက်ရင်း ကိုယ်ဝါသနာပါတာလေးလည်း လုပ်ရင်း အမေ့ရဲ့ အလုပ်တွေ ဝိုင်းကူလုပ်ရင်း သွားနေပါတယ်လို့ ဆိုပါတယ်။

Comments are closed.