Tiktokဆော့နေသည့် ဇနီးအား ဓါတ်လိုက်နေသည်ဟုထင်ပြီး ကယ်တင်ရာမှ ဇနီးဖြစ်သူသေဆုံး

မြင်းခြံမြို့နယ် ဝဲလောင်ကျေးရွာတွင် နေထိုင်သူ မခင်စိန်သန်း သည် လင်ယောင်္ကျား မရှိခိုက် TikTokဖွင့်၍ဝါယာကြိုးကို မိုက်အဖြစ် အသုံးပြုကာ Rapper ကျားကြီး၏သီချင်းကို သီဆိုပြီး Rap အက ကနေသည်ကို အလုပ်မှပြန်လာသော မောင်အောင်တင့် က ဓါတ်လိုက်နေသည်ဟု ထင်ပြီး

အနီးရှိ ၃ပေခန့်ရှိသည့် ဝါးဆစ်ပိတ်နှင့် ရိုက်နှက်ကယ်တင်စဉ် ဦးခေါင်းကို ရိုက်မိပြီး ဇနီးဖြစ်သူမှာ နေရာတွင်းပင် သေဆုံးသွားခဲ့သောကြောင့် ဝဲလောင်နယ်မြေရဲကင်းသို့ လာရောက် ဖမ်းဆီးခံသဖြင့် ရဲမှူးအောင်ချစ်စိန်က လူသေမှု ၃၀၀/၂ ဖြင့် တရားလိုလုပ်ပြီး အမှုဖွင့်လှစ်လိုက်ကြောင်း သိရသည်။

မျက်မြင်သက်သေတဦး၏ ထွက်ဆိုချက်အရ သေဆုံးသူ မခင်စိန်သန်းသည် လွန်ခဲ့သောတစ်ပတ်ခန့်ကမှ Tiktok ဆော့ဝဲလ်ကို ဖုန်းဆိုင်မှထည့်သွင်းခဲ့ပြီး လင်ယောင်္ကျားမရှိချိန်တွင် အမြဲတန်း သီချင်းဆိုပြီး ကနေတတ်ကြောင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် အလုပ်မှစောစော ပြန်လာသော ယောင်္ကျားမှာ အထင်လွဲပြီး အခင်းဖြစ်ပွားကြောင်း ထွက်ဆိုသွားပါသည်။

အညာMyay သတင်းပေးပို့သူ ချစ်တင်

[Zawgyi]

Comments are closed.