ခြေတုလှူဒါန်းမှုကြောင့် အမှီခိုမပါဘဲ လမ်းလျှောက်နိုင် သွားတဲ့သူတွေကိုကြည့်ပြီး ပီတိတွေကို မျှဝေလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ သူ့ရဲ့ကလေးတွေစောင့်ရှောက်နေတဲ့ ဂေဟာအလုပ်တွေရော စားဝတ်နေရေးခက်ခဲနေတဲ့သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းတဲ့အလှူရော ခြေတုလိုအပ်နေတဲ့သူတွေအတွက် ခြေတုတွေလှူဒါန်းပေးတဲ့ အလှူ စတဲ့ ပရဟိတအလုပ်ပေါင်းစုံကို လစ်ဟင်းမှုမရှိအောင် လှူဒါန်းပေးနေခဲ့ပြီး မနေ့ကလည်း ခြေတုလိုအပ်နေတဲ့သူတွေအတွက် ခြေတုတွေလှူဒါန်းပေးခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ မနေ့က ခြေတုလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ အလှူလေးကို “ခုနှစ်ရက် သားသမီးများနှင့် စုပေါင်း၍ လှူဒါန်းပေးနေတဲ့ ခြေတု အလှုတွေရဲ့ ပီတိလေးတွေပါရှင်…အမှီခို မပါပဲ လမ်းလျှောက်နိုင်သွားတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ပီတိကုသိုလ်လေးများအား ထပ်တူ ထပ်မျှ ပွားများ၍ သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်” ဆိုပြီးတော့လည်း လှူဒါန်းမှုကို ပီတိဖြစ်နေကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ခိုင်နှင်းဝေရဲ့ ပီတိဖြစ်ဖွယ် ခြေတုလှူဒါန်းမှု မှတ်တမ်းပုံလေးတွေကိုလည်း CeleZone ကနေ ပရိသတ်ကြီးတွေအတွက် ပြန်လည်မျှဝေဖော် ပြပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai
Chilli – CeleZone

Advertisement

[zaawgyi]

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ခိုင္ႏွင္းေဝကေတာ့ သူ႔ရဲ႕ကေလးေတြေစာင့္ေရွာက္ေနတဲ့ ေဂဟာအလုပ္ေတြေရာ စားဝတ္ေနေရးခက္ခဲေနတဲ့သူေတြအတြက္ စားေသာက္ကုန္ေတြလႉဒါန္းတဲ့အလႉေရာ ေျခတုလိုအပ္ေနတဲ့သူေတြအတြက္ ေျခတုေတြလႉဒါန္းေပးတဲ့ အလႉ စတဲ့ ပရဟိတအလုပ္ေပါင္းစုံကို လစ္ဟင္းမႈမရွိေအာင္ လႉဒါန္းေပးေနခဲ့ၿပီး မေန႔ကလည္း ေျခတုလိုအပ္ေနတဲ့သူေတြအတြက္ ေျခတုေတြလႉဒါန္းေပးခဲ့ပါတယ္။

ခိုင္ႏွင္းေဝကေတာ့ မေန႔က ေျခတုလႉဒါန္းမႈျပဳလုပ္ခဲ့တဲ့ အလႉေလးကို “ခုႏွစ္ရက္ သားသမီးမ်ားႏွင့္ စုေပါင္း၍ လႉဒါန္းေပးေနတဲ့ ေျခတု အလႈေတြရဲ႕ ပီတိေလးေတြပါရွင္…အမွီခို မပါပဲ လမ္းေလွ်ာက္ႏိုင္သြားတဲ့ အတြက္ ျဖစ္ေပၚလာတဲ့ ပီတိကုသိုလ္ေလးမ်ားအား ထပ္တူ ထပ္မွ် ပြားမ်ား၍ သာဓု သာဓု ေခၚဆိုႏိုင္ၾကပါေစရွင္” ဆိုၿပီးေတာ့လည္း လႉဒါန္းမႈကို ပီတိျဖစ္ေနေၾကာင္းသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။

ခိုင္ႏွင္းေဝရဲ႕ ပီတိျဖစ္ဖြယ္ ေျခတုလႉဒါန္းမႈ မွတ္တမ္းပုံေလးေတြကိုလည္း CeleZone ကေန ပရိသတ္ႀကီးေတြအတြက္ ျပန္လည္မွ်ေဝေဖာ္ ျပေပးလိုက္ပါတယ္ေနာ္။ CeleZone ပရိသတ္ႀကီးေတြလည္း ခိုင္ႏွင္းေဝရဲ႕ အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Advertisement

Source – Khine Hnin Wai
Chilli – CeleZone

Be the first to comment

Leave a Reply

Your email address will not be published.


*