ဖြိုးမြတ်အောင်နဲ့ ဘာပုဂ္ဂိုလ်ရေး ပြဿနာမှမရှိကြောင်း မြ ရုပ်ရှင်မှ တရားဝင်ကြေငြာ

ဖြိုးမြတ်အောင်နဲ့ ဘာပုဂ္ဂိုလ်ရေး ပြဿနာမှမရှိကြောင်း မြ ရုပ်ရှင်မှ တရားဝင်ကြေငြာ



မြမြရုပ်ရှင်ရဲ့ တာဝန်ရှိသူတစ်ဉီးကတော့ “ဖြိုးမြတ်အောင်နှင့်ပုဂ္ဂိုလ်ရေးပြဿနာဘာမှမရှိပါ သူဆက်လုပ်မယ့်အနုပညာလုပ်ငန်းများကို သူ၏ PMA မိသားစုဝင်များနှင့်အတူ ဆက်လက်အားပေးဝန်းရံသွားပါမည်” ဆိုပြီး ဖြိုးမြတ်အောင်နဲ့ ဘာပြဿနာမှ မရှိပါဆိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းထားတာပါ။

မိုမိုလေးချစ်ပရိသတ်တွေရော အလန်းစားမင်းသမီးချောလေး သင်ဇာဝင့်ကျော်နဲ့ အတူတွဲဖက်ပြီး မြမြရုပ်ရှင်ထဲမှာ မြင်တွေ့ရတော့မယ့် မင်းသားက ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းသွားခဲ့ပါဦးနော်။

Nyein
Source:မြရုပ်ရှင်ဇာတ်ကားကြီး , Reference& Credit:momolay.com

[Unicode]

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချောနေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ အပိုအလိုမရှိ သရုက်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာ လမ်းမပေါ်မှာ အောင်မြင်စွာ ရပ်တည်နေတဲ့ နေတိုးကအခုဆိုရင် အကယ်ဒမီဆုကြီး သုံးဆုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နေတိုးကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့ အနယ်နယ်မှာ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၄)ရက်နေ့နဲ့ (၅) ရက်နေ့တို့မှာ “နှင်းဆီလှေ” ဆိုတဲ့ ရေဘေးသင့်ပြ ည်သူများ ပြည်လည်ထူထောင်ရေး ရန်ပုံငွေ အငြိမ့်သဘင်ကြီး ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

“နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပေါ် နေတိုးက “လှူဒါန်းမှု အစုစုတို့အား ပရိသတ်များအားလုံးကို အမျှပေးဝေပါတယ်။ အမျှရ၍ သာဓုခေါ်နိုင်ကြပါစေ ခင်ဗျာ ထာဝရပါ။” ဆိုပြီး ပြောထားပါတယ်။
ဘယ်လိုတွေတောင်လဲ နေတိုးရယ်🤣😍😘

လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့တကွ သူ့ရဲ့ ချစ်ပရိသတ်တွေကို အမျှဝေထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nay Toe’s fb, Reference & Credit:momolay.com

Comments are closed.