ငြိမ်းချမ်းရေးကျောင်းတိုက် နှစ်ထပ်ကျောင်းဆောင်တိုက်သစ်အတွက် ငွေကျပ် (၁၁)သိန်းကျော် ပါဝင်လှူဒါန်းခဲ့တဲ့ မြညိုလေး “

မင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝ ရရှိလာခဲ့တဲ့ သူလေးလို့ ဆိုနိုင်ပါတယ်။ မြညိုလို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး”ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။ လက်ရှိမှာလည်း MRTV- (4 ) မှာ ပြသလျက်ရှိတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပြန်ပါသေးတယ်။

ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ် တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြ တာပါနော်။ မကြာသေးမီကလည်း ငွေဆောင်ကမ်းခြေ သို့ သွားရောက်ကာအနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။အလှူအတန်းဝါသနာပါတဲ့ မြညိုလေးကတော့ ရရင်ရသလို အလှူအတန်းတွေပြုလုပ်တတ်သူလေးပါနော်။ အခုလည်း သူမအရမ်းကို လှူချင်ခဲ့တဲ့ ကျောင်းဆောက်လုပ်လှူဒါန်းရာမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ပါဝင်ဖို့ ဆော်သြခဲ့တာ ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း အင်တိုက်အားတိုက်ပါဝင်လှူဒါန်းခဲ့ကြောင်းကို ” ပထမအကြိမ်အနေနဲ့ (၁၁)သိန်း (၄)သောင်း (၅)ထောင်ကို နဝကမ္မအလှူငွေအဖြစ် ငြိမ်းချမ်းရေးကျောင်းတိုက် နှစ်ထပ်ကျောင်းဆောင်တိုက်သစ်အတွက် လှူဒါန်းနိုင်ခဲ့ပါပြီရှင်။ စိတ်ထဲကအရမ်းလှူ ချင်နေတဲ့အချိန် ပါဝင်ကုသိုလ်ယူပေးကြတဲ့ ကျေးဇူးရှင်ပရိသတ် (၇)ရက်သားသမီးတွေနဲ့ အမာခံအမျိုးတွေကို တကယ်အရမ်းကျေးဇူးတင်ပါတယ်ရှင်။ပြုသမျှကုသိုလ်များအားလုံးကို အမျှပေးဝေပါတယ် သာဓုခေါ်ဆိုပြီး ကြည်နူးပီတိရကြပါစေရှင့်။နောက်ထပ်လည်း ပါဝင်လှူဒါန်းပေးကြဖို့လည်း နှိုးဆော်ပါရစေရှင့်။ ” ဆိုကာ လှူဒါန်းမှုပုံရိပ်တွေနဲ့အတူ ဖော်ပြခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မြညိုလေးရဲ့ အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source : Myat Thu Thu Zin
Shwe Poe – CeleGabar

[Zawgyi]

Comments are closed.