လိုတရ” သီချင်းထဲကစကားလုံး တိုင်းကို ပြန်ကြားရတိုင်းမှာ ကြည် နူး နေရတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

လိုတရ” သီချင်းထဲကစကားလုံး တိုင်းကို ပြန်ကြားရတိုင်းမှာ ကြည် နူး နေရတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ အလွမ်းအဆွေး သီချင်းတွေနဲ့ ပရိသတ်ကိုဖမ်းစားထားနိုင်သူပါ။ထွက်ရှိပြီးတဲ့ “မက်လောက်စရာ” အယ်လ်ဘမ်ကနေပြီး “မယ်သီတာ” အယ်လ်ဘမ်အထိ ပရိသတ်အားပေးမှု လျော့ ကျမသွားတဲ့သူလည်းဖြစ်ပါတယ်။ ဝိုင်းစုနဲ့အဆိုတော်အောင်လဟာလည်း နားလည်မှုရှိရှိနဲ့ရွှေလက်တွဲမြဲနေတဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။

အနုပညာရှင်စုံတွဲဆိုတဲ့အတိုင်း ချစ်သူနှစ်ဦးကြားကခံစားချက်လေးတွေကို သီချင်းထဲ ထည့်သွင်း ဖန်တီးထားတာကတော့ မထူးဆန်းလှပါဘူး ။ပရိသတ်တော်တေ်ာများများ အကြို က်တွေ့နေတဲ့ အောင်လရဲ့“လိုတရ” သီချင်းဟာ ဝိုင်းစုကိုရည်ညွှန်းပြီးရေး ဖွဲ့ထား တာဖြစ်ပါတယ်။ဒီသီချင်းကို အခုဆိုရင် Music Video ပြန်ရိုက်နေတာဖြစ်ပြီး အပြင်ကစုံတွဲ အစစ်တွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ ဝိုင်းစုကိုရည်ရွယ်ပြီးရေးသားထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ပျော်ရွှင် နေရတာဖြစ်ပြီး စိတ်ဆိုးရင်တောင်မှဒီသီချင်းလေးကြောင့် ကိုယ့်ကိုချစ်ပါလားဆိုပြီး စိတ်ဆိုးပြေတာမျိုးတောင်ရှိတာလည်းဖြစ်ပါတယ်။ဝိုင်းစုကတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး
“အဓိကက ပျော်တာဆိုတာထက်ပီတိဖြစ်တာပေါ့နော်…သူ့ရဲ့စကားလုံး တိုင်း စကားလုံး တိုင်း ကို ပြန်ကြားရတိုင်းမှာ သူငါ့ကိုဘယ်လောက်အထိချစ်ပါလားဆိုပြီး ရင်ထဲထိရောက် သွား တယ် ပေါ့နော်…” ဆိုပြီး ပြောထားပါတယ်။

ရန်ဖြစ်ကြစကားများကြတဲ့အခါ တွေမှာလည်း “အဲ့သီချင်းကြားရင် အော်..သူငါ့ကိုချစ်တာ ပဲလေ ဆိုပြီး ပြန်လျှော့သွားတယ်” ဆိုပြီး ပြောပြထားပါသေးတယ်။ဒီသီချင်းထဲမှာတော့ အောင်လက ဝိုင်းစုကို “လိုတရနတ်သမီး” လို့ တင်စားထားတာတကယ့်ကို ကြွေလောက် စရာပါပဲ။ Cele Gabar ပရိသတ်ထဲမှာ“လိုတရ” သီချင်းကို ကြိုက်တဲ့သူတွေ ရှိကြလား နော် ….။

Source:Exclusive on Cele Gabar
Sweet – CeleGabar

Photo :Wyne Su Khine Thein, Credit:celegabar.com

Comments are closed.