ပရိသတ်ရဲ့စော်ကားတဲ့စကားကြောင့်ဟန်မဆောင်နိုင်အောင်အမူအရာပျက်ခဲ့ရတဲ့ ကေပေါ့အဖွဲ့

ပရိသတ်ရဲ့စော်ကားတဲ့စကားကြောင့်ဟန်မဆောင်နိုင်အောင်အမူအရာပျက်ခဲ့ရတဲ့ ကေပေါ့အဖွဲ့






Source: Koreaboo

[UNICODE FONT]

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

နာမည်ကျော် အမျိုးသမီး ကေပေါ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Lovelyz အဖွဲ့ကတော့ လတ်တလောက ချစ်စရာကောင်းတဲ့ အဖြူရောင် ဂါဝန်လေးတွေဝတ်ဆင်ပြီး သူတို့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ fan sign event ကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲပြီးခါနီးမှာတော့ Lovelyz အဖွဲဝင်တွေဟာ မတ်တပ်ရပ်ပြီး ပရိသတ်တွေရှေ့မှာ ပိုစ့်တွေပေးပြီး ဓါတ်ပုံရိုက်ခံခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ fan sign event ကိုလာတဲ့ ပရိသတ်တွေထဲက အမျိုးသားတစ်ယောက်က Lovelyzအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yoo Jiae ကို “ခြေထောက်ကို အပေါ်တင်လိုက်” ဆိုပြီးတော့ ဆက်တိုက်အော်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအသံကို ကြားကြားချင်းမှာပဲ Yoo Jiaeကတော့ အရမ်းကို ရှော့ခ်ရသွားခဲ့ပြီး သူနားကြားမှားတာလားဆိုတဲ့ မျက်နာပေးမျိုး ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒီပရိသတ်ရဲ့ ဆက်တိုက်အော်သံကြောင့် Yoo Jiae ကတော့ တော်တော်လေးကို ရွံရှာသွားတဲ့ပုံပါပဲ။

Jiae ရဲ့ မျက်နာကို ရိပ်မိသွားတဲ့ ပွဲကိုလာတဲ့ မိန်းကလေး ပရိသတ်တစ်ယောက်က Jiae ကို အားပေးလိုက်မှပဲ  Jiaeက ပြန်ပြီးတော့ ပြုံးပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပရိသတ်ဟာLovelyz အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Mijooဘက်ကို မြှားဦးလှည့်သွားခဲ့ပြီး “ခြေထောက်ကို အပေါ်တင်လိုက်” ဆိုပြီးတော့ ရိုင်းစိုင်းတဲ့အသုံးအနှုန်းနဲ့ ဆက်အော်နေခဲ့တာဖြစ်ပါတယ်။Mijooကတော့ အရမ်းကို စိတ်ကုန်သွားတဲ့ပုံနဲ့ အဲဒီပရိသတ် ထိုင်နေတယ်လို့ ထင်ရတဲ့ နေရာကို လှမ်းကြည့်နေခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့ ဗီဒီယိုကို ကြည့်ပြီးကြတဲ့ Lovelyz ရဲ့ ပရိသတ်တွေကတော့ အဲဒီပရိသတ်ရဲ့ လက်မခံနိုင်လောက်တဲ့ အပြုအမူကြောင့် နောက်ပွဲတွေမှာ အဲဒီအမျိုးသားကို blacklistလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

Source: Koreaboo

Comments are closed.