တစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ်ကြိုက်ခဲ့ရတဲ့ ခန့်စည်သူရဲ့ ငယ်ဘဝပုံရိပ်များ

တစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ်ကြိုက်ခဲ့ရတဲ့ ခန့်စည်သူရဲ့ ငယ်ဘဝပုံရိပ်များ

ဝါရင့်သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူဟာ ကျရာဇာတ်ရုပ်အတိုင်း တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခန့်စည်သူက အခုချိန်ထိတိုင် ခေါင်းဆောင်မင်းသားနေရာ ကနေ သရုပ်ဆောင်နေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရဆဲပါ။ ဒါ့အပြင် ခန့်စည်သူ က ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗိုတို့နဲ့အတူတူ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင် တားပါသေးတယ်။

ဒီနေ့မှာတော့ ခန့်စည်သူက လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က သူ့ရဲ့ လူငယ်ဘဝပုံရိပ်တွေကို ပရိသတ်တွေအတွက် အမှတ်တရ မျှဝေလာပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ခန့်စည်သူရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခန့်စည်သူက သူ့ရဲံ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတော်တော် များများမှာ သရုပ်ဆောင်ခဲ့ပြီး “အများနဲ့မသက်ဆိုင်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ဆုကြီးကို ဆွတ်ခူးရရှိထားသူပဲ ဖြစ်ပါတယ်။



ခန့်စည်သူကတော့ သူ့ရဲ့ တစ်ချိန်က ငယ်ဘဝပုံရိပ်တွေကိုကြည့်ရင်း အတိတ်ကို သတိရေ နတယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ငယ်ဘဝပုံရိပ်တွေကို သဘောကျ ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူး တင်ရှိပါတယ်။

Rowena
Source: Khant Si Thu’s fb, Reference& Credit:momolay.com

Comments are closed.