အိမ်ထောင်ကျပြီးမှ တစ်နေ့တစ်ခြား ပိုဂေါ်လာတဲ့ ရွှေထူးရဲ့ပုံရိပ်တွေ

အိမ်ထောင်ကျပြီးမှ တစ်နေ့တစ်ခြား ပိုဂေါ်လာတဲ့ ရွှေထူးရဲ့ပုံရိပ်တွေ

လူငယ်တွေ သဲသဲလှုပ်ကြိုက်နှစ်သက်ကြတဲ့ အဆိုတော် ရွှေထူးကတော့ ကိုယ်ပိုင်သီချင်းတွေ ကို ဖန်တီးပြီး၊ ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အပြည့် အဝရရှိထားသူတစ်ဦးပါ။ ဘယ်အရာကိုမဆို ကြိုးစားမှုကို ရှေ့တန်းတင်ပြီး အလုပ်လုပ် တဲ့ ရွှေထူးကတော့ သရုပ်ဆောင်လည်း ကောင်းတာမို့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေထူးက အရမ်းကို ဂေါ်လွန်းတဲ့ သူ့ရဲ့ အမိုက်စားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုတော် စဖြစ်ခါစပုံစံအတိုင်း အရမ်းကိုမိုက်နေတဲ့ ရွှေထူးရဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကိုလည်း သဘောကျစေမှာ အမှန်ပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အိမ်ထောင်ကျပြီးမှ အရမ်းကို ခန့်သန့်လာတဲ့ ရွှေထူးရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

ရွှေထူးကတော့ “Wild Boy 🔥” ဆိုပြီး သူ့ရဲ့ခပ်မိုက်မိုက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ရွှေထူးကတော့ ချစ်ဇနီးလေး ရွှေမှုံနဲ့ ကံစပ်တယ်လို့ ပြောရမှာပါပဲ၊ အိမ်ထောင်ကျပြီးမှ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ပိုပိုတိုးလာပြီး၊ ပရိသတ်တွေကိုလည်း သူ့အနုပညာတွေ ပိုပိုချပြလာနိုင်တာ တွေ့ရပါတယ်။

အချစ်တစ်ခုတည်းကိုကြည့်ပြီး၊ ချစ်ရသူနဲ့ လက်တွဲခဲ့တဲ့ ရွှေထူးကတော့ လတ်တလောမှာ ချစ်ဇနီးလေးကိုလည်း သီချင်းတွေရေးပေးရင်း၊ သူကိုယ်တိုင်လည်း အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ထောင်ရေးကြောင့် ပိုပြီး ပျော်ရွှင်နေပုံပေါ်တဲ့ ရွှေထူးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Htoo Khant’s Facebook
Photo – Moe Htet, Reference& Credit:momolay.com

Comments are closed.