အခြေအနေ ပိုဆိုးလာတဲ့ ကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေအကြောင်း ပြောလာတဲ့ တေးရေး မင်းကို

အခြေအနေ ပိုဆိုးလာတဲ့ ကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေအကြောင်း ပြောလာတဲ့ တေးရေး မင်းကို



တေးရေး မင်းကိုကတော့ “အခြေနေပိုပိုဆိုးလာတဲ့ဟာသသရုပ်ဆောင်မကစ်ကစ် ရဲ့လက်ရှိ အခြေအနေ…ဝိုင်းဝန်းကုညီပေးကြပါဦး…ကျွန်တော်လည်းအပတ်စဉ်အခမဲ့ဆေးကုခရီးစဉ်လေးတွေထွက်နေရတာမို့မကစ်ကစ်ဆီမရောက်ဖြစ်ဘူး…တနေ့ကတော့ကျွန်တော်တို့အဖွ့ဲတွေဒေါက်တာအောင်ကိုမြင့်နဲ့အတူသွားကြည့်ပေးခဲ့ကြတယ်…အပတ်စဉ်တပတ်ကိုနှစ်ကြိမ်ကျောက်ကပ်ဆေးနေရာမှတပတ်ကိုသုံးကြိမ်ကျောက်ကပ်ဆေးလာရတာနှစ်လနီးပါရှိပြီဖြစ်ပြီး..တနေ့ကိုအောက်စီဂျင်ငါးလုံးပေးနေရတာကသုံးလရှိနေပါပြီ…ညီမလေးခင်သဇင်က လစဉ်ကျောက် ကပ်ဆေးပေးမယ့်အလှူရှင်ရှာထားပေးပေမယ့်စားဝတ်နေရေးအတွက်ခက်ခဲလျက်ရှိနေပါတယ်.

မျက်စိတဖက်ကလည်းတဖြည်းဖြည်းကွယ်လာပြီဖြစ်လို့အစ်မကိုမျက်စိကုပေးမယ့်အလှူရှင်လေးရှာပေးပါမောင်လေးရယ်လို့ရင်ဖွင့်လာပါတယ်…ပြီးတော့ ရှမ်းပြည်ကဆေးကုအစွမ်းထက်တဲ့ ဆရာတော်တပါးဆီပို့ပေးဖို့တောင်းဆိုနေတာကိုလက်ရှိကျန်းမာရေးအခြေအနေအရ အမြဲလို လို အမောဖောက် လျက်ရှိနေတာမို့ လမ်းခရီးမှာတခုခုဖြစ်မှာစိုးလို့ပို့ပေးဖို့ ကိုမဝံ့မရဲြ ဖစ်မိပါတယ်…အရေးပေါ်အသည်းအသန်ဖြစ်ပြီဆိုကတည်းက ကျောက်ကပ်လဲပေးဖို့ထိ ကျွန်တော်စီစဉ်ထားခဲ့ပါတယ်…ကျောက်ကပ်အလှူရှင်စာရင်းကျွန်တော်မှာများစွာရှိပြီးကျောက်ကပ်လဲမယ့်ကုန်ကျစရိတ်ကိုတာဝန်ယူပေးမယ့်သူဌေးတွေကလည်းရှိပါတယ်..ဒါပေမယ့်အခြေနေကပိုပိုဆိုးလာနေတာမို့အကောင်ထည်မဖော်ပေးနိုင်ခဲ့ပါဘူး…

ကျွန်တော့်ထံအားကိုးတကြီးရင်ဖွင့်တတ်တာမို့အခုလည်းရှမ်းပြည်ကဘုန်းကြီးဆီပို့ပေးဖို့တောင်းဆိုနေတာကိုပို့ပေးသင့်မပို့ပေးသင့်ဝိုင်းဝန်းအကြံပေးကြပါဦးခင်ဗျ…လူနာတယောက်ရဲ့ဆန္ဒကို လိုက်လျောပေးရမှာလားဆိုတာချီတုံချတုံဖြစ်မိပါတယ်…စားဝတ်နေရေးခက်ခဲနေတဲ့မကစ်ကစ်ကို လှူဒါန်းလိုပါက မကစ်ကစ် ဖုန်း 09799894140 ကိုဖုန်းဆက်ပြီးလှူဒါန်းနိုင်ပါတယ်ခင်ဗျ… ဒီနေ့ကျောက်ကပ်ဆေးဖို့အတွက်ငွေကြေးအခက်ခဲရှိနေတယ်လို့လည်းလှမ်းပြောပါတယ်…ကျွန်တော်ကကျန်းမာရေးစောင့်ရှောက်မှုနဲ့ကယ်ဆယ်ရေးတွေမရောက်ခဲ့တဲ့ရေဘေးသင့်မွန်ပြည်နယ်အတ္ထရံမြစ်ဘေးကရွာလေးတွေမှာအခမဲ့ဆေးလိုက်ကုပေးနေတာမို့မကစ်ကစ်ကိုဝိုင်းဝန်ကူညီပေးကြပါဦးခင်ဗျ….တေးရေးမင်းကို ( ခ) မင်းခေတ်မင်း အနုပညာသစ်ပြတိုက်ဖောင်ဒေရှင်း 7.9.2019″ ဆိုပြီး ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် ပရိသတ်တွေဆီက အကူအညီတောင်းခဲ့ တာပါ။

မိုမိုလေးချစ်ပရိသတ်တွေလည်း သရုပ်ဆောင် ကစ်ကစ်တစ်ယောက် သေသေချာချာ ကူညီပေးနိုင်တဲ့ အလှူရှင်နဲ့တွေ့ပြီး၊ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Minn Ko’s Facebook, Reference& Credit:momolay.com

Comments are closed.