အမှန်တရားကို တရားရုံးမှာ အကုန်ချပြမည်ဟု ဒေါ်ဥမ္မာလှိုင်ပြော

အမှန်တရားကို တရားရုံးမှာ အကုန်ချပြမည်ဟု ဒေါ်ဥမ္မာလှိုင်ပြော


ထို့နောက် အောက်တိုဘာလ ၂၅ရက်နေ့ ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ြ ခင်းဖြစ်သည်။”ကျနော့်အမှုသည်ကသူ့မှာဥပဒေအရ အခွင့်အရေးရသင့်ရထိုက်တယ်ထင်လို့ သူ့အနေနဲ့တောင်းဆိုတယ်။ အဲ့တော့ကျနော်တို့ဥပဒေနဲ့အညီလိုက်တာ။ စွပ်စွဲခံရသူဘက်က ဥပဒေနဲ့အညီခုခံချေပပိုင်ခွင့်ရှိတယ်” ဟု ဒေါ်ဥမ္မာလှိုင်၏ ရှေ့နေဖြစ်သူတရားလွှတ်တော် ရှေ့နေဦးအောင်ရဲစိုးကပြောသည်။


ဗစ်တိုးရီးယားအမှုသည် နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရှိ Wisdom Hill မူကြိုကျောင်း တွင် ၂၀၁၉ခုနှစ်၊မေလ ၁၆ရက်၌ ကလေးငယ်ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုြ ဖစ်ပေါ်ခဲ့ပြီး အမှုလာခြင်းဖြစ်သည်။နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင် တရားရုံး တွင် စစ်ဆေးနေသည်မှာ Wisdom Hill မူကြိုကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ သည့် ကလေးငယ်ဗစ်တိုးရီးယားအမှု ၇ကြိမ်မြောက်ရုံးချိန်းအထိရှိပြီဖြစ်သည်။

ဗစ်တိုးရီးယားဖခင်၊ ရှေ့နေဒေါ်ရွက်နုအောင်၊ ဆရာသက္ကမိုးညိုအပါအဝင် ၆ဦးကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးဒေါ် ဥမ္မာလှိုင်က အောက်တိုဘာလ ၁ရက်နေ့ တွင်ထပ်မံ အမှုဖွင့်ထားသည်။”ကျနော်တို့ကိုတရားစွဲတဲ့ဒေါ်ဥမ္မာလှိုင်နဲ့သူ့မိသားစုအကျိုးစီးပွားထိခိုက်တယ်လို့ ထင်လာတယ်။ ဟိုအမှုမှာပေါ်ပေါက်ရင် ပေါ်ပေါက်တဲ့အတိုင်းသူုတို့မှာအများကြီး ထိခိုက်လာတယ်။ ကြိုပြီးတော့ကန်ကျလိုက်တာ။ ဒါပေမယ့် ပေမယ့်ကန်ချက်ကတော့မထိဘူး” ဟု ဒေါ်ဥမ္မာလှိုင်က ထပ်မံအမှုဖွင့်ထားသည့် ၆ဦးထဲပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။ထို့ကြောင့် ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲသည့် တရားလို ကို ပြန်လည်အမှုဖွင့်ရန်ပြင်ဆင်သွားမည်ဖြစ်ပြီး ဒေါ်စုဒါလီအောင်ကိုဖွင့်သည့်အမှုသည် ရှုပ်ထွေးသဖြင့် ရက်ပေါင်း ၂၇ဝစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

Credit-The Speaker မှ ကူးယူဖော်ပြသည်။

Comments are closed.