

လိုအပ်တဲ့နေရာတွေမှာ အရှေ့ဆုံးကနေ ရပ်တည်ကူညီပြီး အများကောင်းကျိုးကို ကြည့်တတ်လွန်းလို့ ပရိသတ်တွေက ပရဟိတ မင်းသမီးကြီးလို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့်ပရိသတ်တွေ လေးစား ချစ်ခင်ကြသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လက်ရှိမှာ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါကို ဈေးဆိုင်လေး တည်ပေးခဲ့တာ အရမ်းအဆင်ပြေသွားလို့ ပီတိဖြစ်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူတစ်ပါးရဲ့အပျော်ကို ဖန်တီးပေးရသူလောက် ပျော်ရွှင်စရာကောင်းတဲ့သူ ကမ္ဘာပေါ်မှာ မရှိနိုင်ဘူးဆိုတာ ပြသခဲ့တဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို လေးစားစရာ စိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အနုပညာရှင်အချင်းချင်း အားနည်းသူ ကို ကူညီတတ်တဲ့ ခိုင်နှင်းဝေရဲ့လေးစားစရာ စိတ်ဓါတ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။



မွန်မြတ်တဲ့မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအ တွက်”ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ အလှူကြောင့် အရမ်းကို အဆင်ပြေသွားတဲ့ ဇာတ် ပို့ သရုပ်ဆောင် ဒေါ်နန်းခမ်းဝါတို့ ဆိုင်လေးကို လမ်းကြုံရင် သွားရောက်အားပေး လိုက် ကြ ပါဦးနော်။

Myint Myat
Source:Khine Hnin Wai’s Facebook, REference&Credit:momolay.com

Comments are closed.