အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့ပွဲမှာ ပျော်ရွှင်စွာတွေ့ရတဲ့ ခိုင်နှင်းဝေ

အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့ပွဲမှာ ပျော်ရွှင်စွာတွေ့ရတဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီများရှင် မြင့်မြင့်ခိုင် နဲ့ ခိုင်နှင်းဝေတို့ တူဝရီးက ရုပ်ချင်း အင်မတန်ဆင်တာကြောင့် ပရိသတ်တွေက သဘောကျရတဲ့သူတွေပဲ ဖြစ်ပါတယ်။ အန်တီ မြင့်မြင့်ခိုင်ကတော့ အသက်အရွယ် တစ်ခုကြောင့် အနုပညာလုပ်ငန်းတွေ မလုပ်ကို င်တော့ပေမယ့် ခိုင်နှင်းဝေကတော့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ပရဟိတကိုပါ ပူးတွဲ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၆) ရက်နေ့ကတော့ အကယ်ဒမီများရှင် အန်တီမြင့်မြင့်ခိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ချစ်ရတဲ့ ဆွေမျိုးတစ်သိုက်နဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

ခိုင်နှင်းဝေကလည်း သူမရဲ့ ကြီးတော်အတွက် မွေးနေ့ကိတ်လေး လက်ဆောင်ပေးပြီး မွေးနေ့ပွဲမှာ အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ခိုင်နှင်းဝေရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့ပွဲမှာ ပျော်ရွှင်စွာတွေ့ရတဲ့ ခိုင်နှင်းဝေ


Rowena
Source: Khine Hnin Wai’s fb,Reference&Credit:momolay.com

Comments are closed.