ရှက်ရမ်းရမ်းရင် ကိုယ့်ကလေးပဲ နစ်နာမှာမို့ ဘာမှဝင်မရေးရဲဘူးဆိုတဲ့ ကော်နီ

ရှက်ရမ်းရမ်းရင် ကိုယ့်ကလေးပဲ နစ်နာမှာမို့ ဘာမှဝင်မရေးရဲဘူးဆိုတဲ့ ကော်နီ

မနေ့က အောက်တိုဘာလ (၇) ရက်နေ့က နိုင်ငံကျော် အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ရန်ကုန်မြို့က နာမည်ကြီးကုန်တိုက်ဖြစ်တဲ့ မြန်မာပလာဇာမှာ ဖမ်းဆီး ခံခဲ့ ရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ တေးရေး ရော်နီဆန်းလွင် တို့ သုံးဦးကို မူးယစ်ပ ၄၄ /၂၀၁၉ ပုဒ်မ ၁၉(က) /၂၁ဖြင့် ဗဟန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်းထားတာပဲ ဖြစ်ပါတယ်။

အနေအေးတဲ့ ဆရာဝန်၊ အဆိုတော်လေး ဖြိုးပြည့်စုံအတွက် သူ့ရဲ့ ပရိသတ်တွေက စိတ်မကော င်းခြင်းများစွာ ဖြစ်နေသလို အနုပညာအသိုင်းအဝိုင်းမှလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

အဆိုတော်ကြီး ကော်နီကလည်း သူမရဲ့ သားတပည့်ဖြစ်သူ ဖြိုးပြည့်စုံအတွက် အခုလိုပဲ စိတ်မကောင်းကြီးစွာ ဖြစ်နေတာကို တွေ့ရပါတယ်။ “ဘာမှဝင်မရေးရဲဘူး။ ရှက်ရမ်းရမ်းခဲ့ရင် ကိုယ့်ကလေးဘဲနစ်နာမှာစိုးလို့ပါ။ ဒီကလေးဖြူစင်တာ ကျွန်မတို့တလောကလုံးက သိပါတယ်။ ရင်ထဲတော်တော် မကောင်းနေဘူး။”

” ကြောက်စရာကောင်းလိုက်တဲ့စိတ်တွေ… တစဖက်လူဘာမှန်းမသိဘူး။ ရေးလိုက်ကြတာ။ ကိုယ်ချင်းစာစိတ်တွေမရှိကြတာ အံ့သြလို့မဆုံးဘူး။ ရင်ထဲတော်တော် ခံပြင်းမိတယ်။ တရားကို နတ်စောင့်ပါတယ် 🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ဖြိုးပြည့်စုံအတွက် အနုပညာ ညီအစ်ကိုမောင်နှမတွေက တော်တော်လေး စိတ်မကောင်း ဖြစ်နေကြတာပါ။ ဖြိုးပြည့်စုံအတွက် စစ်မှန်တဲ့ အမှန်တရားတစ်ခု အမြန်ဆုံး ထွက်ပေါ် လာပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Rowena
Source: Tun Connie’s fb
Photo Credit: Eleven,Referene&Credit:momolay.com

Comments are closed.