ဈေးဝယ်တာကြာလွန်းတဲ့ နော်ဖော အယ်ထားကို စိတ်မရှည်လွန်းလို့ ဆူနေ တဲ့ ပိုင်တံခွန်

ဈေးဝယ်တာကြာလွန်းတဲ့ နော်ဖော အယ်ထားကို စိတ်မရှည်လွန်းလို့ ဆူနေ တဲ့ ပိုင်တံခွန်

တက်သစ်စ လူငယ်အနုပညာရှင်များဖြစ်တဲ့ ပိုင်တံခွန်နဲ့ နော်ဖောအယ်ထားက အနုပညာန ယ် ပယ်မှာ အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားနဲ့ ပိုင်တံခွန်တို့က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်ကြသလို အပြင်မှာလည်း အင်မတန် ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ နော်ဖောအယ်ထားနဲ့ ပိုင်တံခွန်တို့ သူငယ်ချင်းတွေကို ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

နော်ဖောအယ်ထားနဲ့ ပိုင်တံခွန်တို့က လက်တလောမှာတော့ Singapore က Shangri-la Resort မှာ ကျင်းပပြုလုပ်မယ့် Viber ရဲ့ Rakuten Viber Asia Summit ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

စင်္ကာပူကို ရောက်ရှိနေတဲ့ နော်ဖောအယ်ထားက ဈေးတွေ ပတ်ဝယ်လွန်းလို့ ပိုင်တံခွန်ခမျာ စိတ်မရှည်ဖြစ်ပြီး တောက်ခေါက်ပြီး ဆူခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ နော်ဖောအယ်ထားတို့ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထားဖြစ်သွားတဲ့ မျက်နှာလေးက ချစ်စရာလေး

ပိုင်တံခွန်နဲ့ နော်ဖောအယ်ထားကတော့ ဘယ်လောက်ပြောပြော တစ်ယောက်ကိုတစ်ယောက် ပြောမနာဆိုမနာ ခင်မင်ကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နော်ဖော အယ်ထားတဲ့ ပိုင်တံခွန်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Soyrce: Paing Takhon’s fb, Reference& Credit:momolay.com

Comments are closed.