

လတ်တလော မိန်းကလေးတွေကြားမှာ ရေပန်းစားနေတဲ့ ဒေါင်းက ခန့်ညားနဲ့ရုပ်သွင် စွဲဆောင်မှုရှိတဲ့ အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒေါင်းရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ဇာတ်ရုပ်အပေါ် အာရုံစူးစိုက်တတ်တဲ့ အကျင့်ကြောင့် သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်း၊ ရုပ်ရှင်မှန်သမျှက မှတ်ချက်ေ ကာင်းတွေကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ဒေါင်းကို အားပေးတဲ့ ပရိသတ်တွေက တစ်နေ့တစ်ခြား များပြားလာတာလဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၇) ရက်နေ့မှာတော့ ဒေါင်းက “ကမ္ဘာနှစ်ထပ်” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ Press Show အခမ်းအနားကို တက်ရောက် ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။


ဒေါင်းက လက်ရှိမှာတော့ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို ခါရာ၊ သက်မွန်မြင့်၊ ဖွေးဖွေးတို့နဲ့အတူတူ သရုပ်ဆောင်နေတာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှား မှုတွေကို လည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒေါင်းကတော့ ဖြူစင်တဲ့ ကလေးလေးတွေနဲ့ ဆုံတွေ့ပြီး ပျော်နေတဲ့ ပုံပါပဲ။ ပရိသတ်ကြီးလည်း ထိပ်ထားသခင်၊ ကိကိ၊ ပြည့်ပြည့်နဲ့ ဒေါင်းတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတ ယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: ထိပ်ထားသခင်၊ ကိကိ, Rerference& Credit:momolay.com

Comments are closed.