ဦးမင္းစိန္ရဲ႕ က်န္ရွိခဲ့ေသာ သမီးေ လးအတြက္ ေက်ာင္းစရိတ္တာဝန္ ယူေပးမယ့္ အုိင္းရစ္ေလေျပဦး

ဦးမင္းစိန္ရဲ႕ က်န္ရွိခဲ့ေသာ သမီးေ လးအတြက္ ေက်ာင္းစရိတ္တာဝန္ ယူေပးမယ့္ အုိင္းရစ္ေလေျပဦး

ဇာတ္ကားတစ္ကားမွာ အျဖည့္ခံသက္သက္ေနရာကေန ပံ့ပိုးၾကသူေတြထဲမွာ လူၾကမ္းမင္းသားေတြက အေရးၾကီးဆံုးအစိတ္အပိုင္းမွာပါဝင္ၾကသလို အစစအရာရာခ်ိဳ႕တဲ့ျပီးမစို႔မပို႔ေလာက္ ဝင္ေငြရေနသူေတြဟာလည္း လူၾကမ္းသရုပ္ေဆာင္ေတြပဲျဖစ္ၾကပါတယ္။

ရုပ္ရွင္ထဲမွာသာမက အျပင္ေလာကမွာပါ ပရိသတ္အခ်ိဳ႕ရဲ႕ ေၾကာက္ရြံ႕ျခင္းေတြနဲ႔အတူ သံသယမ်က္လံုးအခ်ိဳ႕နဲ႔ အၾကည့္ခံရတဲ့ထဲမွာလည္း လူၾကမ္းသရုပ္ေဆာင္အခ်ိဳ႕ပါဝင္ခဲ့ရပါတယ္။

တကယ္ေတာ့ လူၾကမ္းသရုပ္ေဆာင္ေတြရဲ႕ဘဝဟာ အသက္အရြယ္ၾကီးလာသည့္တိုင္ သူတပါးအထိုးအၾကိတ္ခံျပီးမွ ရလာတဲ့ဝင္ေငြေလးေတြနဲ႔ ဘဝရပ္တည္ရေသာ္လည္း ကားရိုက္မမွန္လာတဲ့အခါ မိသားစုစားဝတ္ေနေရးအတြက္ အျပင္အလုပ္ေလးေတြကိုပါ ရွာေဖြလုပ္ကိုင္လာခဲ့ရပါတယ္။

လူၾကမ္းမင္းစိန္ တစ္ေယာက္ ကားရိုက္မမွန္ေတာ့တဲ့ေနာက္ မိသားစုအတြက္ မိုးကုတ္မွာအေခြေရာင္းျပီး ရန္ကုန္ျပန္အလာ အေအးဒဏ္ခံစားခဲ့ရာကေန ရန္ကုန္ေဆးရံုၾကီးမွာ ဇန္နဝါရီလ ၅ ရက္ေန႔ မနက္ ၂:၃၀ အခ်ိန္ ရုတ္တရက္ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

က်န္ရွိေနတဲ့ ရုပ္ကလာပ္ကိုေတာ့ ဒီကေန႔ ဇန္နဝါရီလ ၇ ရက္ေန႔ ေန႔လည္ ၁ နာရီ ေရေဝးသုသာန္မွာမီးသျဂိဳလ္ခဲ့တာျဖစ္ပါတယ္။ မိသားစုဝင္ေတြ မ်ားစြာက်န္ရစ္ခဲ့ျပီးေတာ့ ဘဝကို ေရွ႕ဆက္ႏုိင္ဖို႔အတြက္ ရုန္းကန္ၾကိဳးစားၾကရဦးမွာျဖစ္ပါတယ္။ လူၾကမ္းဦးမင္းစိန္ရဲ႕ သမီးေလးကိုေတာ့ အုိင္းရစ္ေလေျပဦးက ေက်ာင္းစရိတ္တာဝန္ယူသြားမယ္လို႔ ဆိုပါတယ္။

ဦးမင္းစိန္ရဲ႕ ဇနီးေဟာင္းျဖစ္သူနဲ႔အတူ သားသမီးေတြလည္းက်န္ရွိေနခဲ့ျပီးေတာ့ သမီးေလးျဖစ္သူကိုေတာ့ အုိင္းရင္းေလေျပဦးက ဒီေက်ာင္းပိတ္တဲ့အထိ ေက်ာင္းစရိတ္တာဝန္ယူေထာက္ပံ့သြားမယ္လို႔သိရပါတယ္။ ဦးမင္းစိန္ တစ္ေယာက္ ေကာင္းရာမြန္ရာဘဝကို ေရာက္ရွိႏိုင္ပါေစလို႔လည္း ဝမ္းနည္းစြာဆုေတာင္းေပးလိုက္ပါတယ္။We Love Cele

Photos-Iris Lay Pyay Oo

[Unicode]

ဇာတ်ကားတစ်ကားမှာ အဖြည့်ခံသက်သက်နေရာကနေ ပံ့ပိုးကြသူတွေထဲမှာ လူကြမ်းမင်းသားတွေက အရေးကြီးဆုံးအစိတ်အပိုင်းမှာပါဝင်ကြသလို အစစအရာရာချို့တဲ့ပြီးမစို့မပို့လောက် ဝင်ငွေရနေသူတွေဟာလည်း လူကြမ်းသရုပ်ဆောင်တွေပဲဖြစ်ကြပါတယ်။

ရုပ်ရှင်ထဲမှာသာမက အပြင်လောကမှာပါ ပရိသတ်အချို့ရဲ့ ကြောက်ရွံ့ခြင်းတွေနဲ့အတူ သံသယမျက်လုံးအချို့နဲ့ အကြည့်ခံရတဲ့ထဲမှာလည်း လူကြမ်းသရုပ်ဆောင်အချို့ပါဝင်ခဲ့ရပါတယ်။

တကယ်တော့ လူကြမ်းသရုပ်ဆောင်တွေရဲ့ဘဝဟာ အသက်အရွယ်ကြီးလာသည့်တိုင် သူတပါးအထိုးအကြိတ်ခံပြီးမှ ရလာတဲ့ဝင်ငွေလေးတွေနဲ့ ဘဝရပ်တည်ရသော်လည်း ကားရိုက်မမှန်လာတဲ့အခါ မိသားစုစားဝတ်နေရေးအတွက် အပြင်အလုပ်လေးတွေကိုပါ ရှာဖွေလုပ်ကိုင်လာခဲ့ရပါတယ်။

လူကြမ်းမင်းစိန် တစ်ယောက် ကားရိုက်မမှန်တော့တဲ့နောက် မိသားစုအတွက် မိုးကုတ်မှာအခွေရောင်းပြီး ရန်ကုန်ပြန်အလာ အအေးဒဏ်ခံစားခဲ့ရာကနေ ရန်ကုန်ဆေးရုံကြီးမှာ ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၂:၃၀ အချိန် ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ရုပ်ကလာပ်ကိုတော့ ဒီကနေ့ ဇန်နဝါရီလ ရ ရက်နေ့ နေ့လည် ၁ နာရီ ရေဝေးသုသာန်မှာမီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။ မိသားစုဝင်တွေ များစွာကျန်ရစ်ခဲ့ပြီးတော့ ဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြရဦးမှာဖြစ်ပါတယ်။ လူကြမ်းဦးမင်းစိန်ရဲ့ သမီးလေးကိုတော့ အိုင်းရစ်လေပြေဦးက ကျောင်းစရိတ်တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။

ဦးမင်းစိန်ရဲ့ ဇနီးဟောင်းဖြစ်သူနဲ့အတူ သားသမီးတွေလည်းကျန်ရှိနေခဲ့ပြီးတော့ သမီးလေးဖြစ်သူကိုတော့ အိုင်းရင်းလေပြေဦးက ဒီကျောင်းပိတ်တဲ့အထိ ကျောင်းစရိတ်တာဝန်ယူထောက်ပံ့သွားမယ်လို့သိရပါတယ်။ ဦးမင်းစိန် တစ်ယောက် ကောင်းရာမွန်ရာဘဝကို ရောက်ရှိနိုင်ပါစေလို့လည်း ဝမ်းနည်းစွာဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Iris Lay Pyay Oo

Comments are closed.